ရန်ကုန် ၁၄ အောက်တိုဘာ
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် နှစ်စဉ် ကျင်းပလျှက်ရှိသည့် ရေကျော်ပွဲဈေးကို အောက်တိုဘာ (၁၃)ရက်က လာရောက်လည်ပတ်သူများဖြင့် စည်ကားလျှက်ရှိကြောင်း သိရှိရပါသည်။
"ရေကျော်ပွဲဈေးက အရင်နှစ်တွေလိုပဲပျော်စရာကောင်းတယ်၊ မိသားစုနဲ့အားလပ်ချိန်တွေမှာ ဒီလို နေရာမျိုးတွေလာရတော့ ကလေးတွေလည်းပျော်ကြတယ်၊ အခြားမြို့နယ်ကလူတွေလည်း လာရောက် လည်ပတ်ကြတယ်ဈေးဆိုင်၊ အပျော်စီးရဟတ်၊ ပင်လယ်ဓားပြလှေ၊ ကလေး ကစားကွင်းတွေရှိတော့ အရွယ်စုံ လာပြီးပျော်ရွက်ရတဲ့ပွဲလေးဖြစ်တယ်၊ ပွဲစတဲ့ရက်မှာ မိုးရွာတယ်ဆိုပေမယ့် ကျန်တဲ့ရက်တွေမှာ အဆင်ပြေပါ တယ်၊ နောက်ရက်တွေလည်းမိုးရွာမှာကိုပဲ စိုးရိမ်ရပါတယ်"ဟု ဒေသခံတစ်ဦး ကပြောကြားခဲ့ပါသည်။
အဆိုပါပွဲကို အောက်တိုဘာ(၁၀)ရက်နေ့မှ အောက်တိုဘာ(၁၅)ရက်နေ့ထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
နေခြည် (ပြန်/ဆက်)


