ရန်ကုန် ၁၄     အောက်တိုဘာ

 

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်၊ ရွှေဘုန်းပွင့်စေတီတော်တွင်  သီတင်းကျွတ်လပြည့်နေ့ အောက်တိုဘာ (၁၃)ရက်နေ့က ဘုရားဖူးများက ပန်း၊ ဆီမီးများပူဇော်ကာ  စည်ကားလျှက်ရှိကြောင်း သိရှိရပါသည်။

 

"ဘုရားကို လပြည်နေ့တိုင်းလာပြီး ဆီမီး၊ အမွှေတိုင်းတို့နဲ့ အမြဲလာရောက်ပူဇော်ဖြစ်တယ်၊ အရင်နေ့တွေကလာဖြစ်တယ် ဒါပေမဲ့အဲ့လောက်လူမစည်ဘူး၊ ဒီနေ့ကလပြည့်နေ့လည်းဖြစ်တယ် ပန်းတွေနဲ့ လည်းပူဇော်တယ်ဆိုတော့ ဘုရားလာဖူးရတာပိုပြီး စိတ်ချမ်းသာတယ်၊ ပရဟိတလူငယ် တွေကလည်း ဘုရားသန့်ရှင်းရေးတွေလုပ်ကြတယ်၊ စတုဒီသာတွေလည်းကျွေးကြတယ်၊ ရေကျော်ပွဲဈေးနဲ့လည်း ရက်တိုက်နေတော့ ဘုရားဖူးတွေလည်းပိုစည်တာကောင်းပါတယ် "ဟု ဒေသခံတစ်ဦး ကပြောကြားခဲ့ပါသည်။

 

နေခြည် (ပြန်/ဆက်)