မိုင်းရှူး ၁၄ အောက်တိုဘာ
ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းရှူးမြို့နယ်၌ ဝါလကင်းလွတ် သီတင်းကျွတ်ပွဲတော်ကာလတွင် နှစ်စဉ် ကျင်းပလေ့ရှိသော မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလှူပွဲကို ယနေ့ မွန်းလွဲ ၁ နာရီတွင် စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့သည်။
အဆိုပါ ပွဲတော်တွင် ဘုန်းကြီးကျောင်းပေါင်း (၄၀)မှ အလှူခံ ရဟန်းသာမဏ အပါး(၆၀ဝ)ကျော်ကို ဌာနဆိုင်ရာများ၊ မြို့သူမြို့သားများနှင့် ကျေးရွာရှိပြည်သူများက လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
နန်းသန်းလူ(ပြန်/ဆက်)


