ရန်ကုန်  ၁၄  အောက်တိုဘာ

နှစ်(၃၀)ပြည့် အာဆီယံ-ကိုရီးယား ဆွေးနွေးဖက်ဆက်ဆံရေး အထိမ်းအမှတ်အဖြစ် ကိုရီးယားသမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အာဆီယံ-ကိုရီးယား ဗဟိုဌာနတို့မှ ပူးပေါင်းပြုလုပ်မည့် ASEAN-Korea Train အစီအစဉ်သို့ တက်ရောက်ရန် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် သည် ယနေ့ ညပိုင်းတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။   

ပြည်ထောင်စုဝန်ကြီးအား ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

dr

ပြည်ထောင်စုဝန်ကြီးနှင့်အတူ အဖွဲ့ဝင်များအဖြစ် ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမြင့်ကျော်၊ ရန်ကုန်တက္ကသိုလ် နိုင်ငံတကာ ဆက်ဆံရေးပညာဌာနမှ ပါမောက္ခ(ဌာနမှူး) ဒေါက်တာဒေါ်ချောချောစိန်၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ သရုပ်ဆောင် မျိုးထွဋ်နိုင် (ခ) ခါရာ၊ ဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာ ကော်မတီဝင် ဦးမျိုးသူရကိုကိုနှင့် မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဝင် သန့်လွင်ဦး (ခ) စူးရှရှင်းသန့် တို့ လိုက်ပါသွားသည်။

သတင်းစဉ်