ရေး ၁၅ အောက်တိုဘာ
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အစင်စံပြကျေးရွာ သာသနာ့ဇောတိကကျာင်းတိုက်ကြီး၏ ဦးစီးပဓာန နာယကဆရာတော် အရှင်အာစာရမှ ဦးစီးကျင်းပသော (၁၈)ကြိမ်မြောက် အကျွတ် လွတ်ပွဲတော် အရိုးအိုးမျှောခြင်းကို ယမန်နေ့က ရေးမြို့နယ်၊ အစင်စံပြကျေးရွာအုပ်စု ဓမင်းဆိပ် ကျေးရွာ ကမ်းခြေတွင် ပြုလုပ်ခဲ့သည်။
အဆိုပါ ပွဲတော်သည် မိမိတို့၏ မိဘဆွေမျိုးသားချင်းများသေဆုံးသွားပါက သုသာန်တွင် မီးသင်္ဂြိုလ်မှုပြုလုပ်ပြီး ကျန်ရှိသော အရိုးပြာများကို မြေအိုးထဲထည့်ကာ သေဆုံးသူ၏ အမည်ကို ရေးသွင်းထားသည့် အရိုးပြာအိုးများကို နှစ်စဉ်သတင်းကျွတ်လဆန်း(၂)ရက်နေ့တွင် ကျန်ရစ်သူ ဆွေမျိုးမောင်နှမများက ဓမင်းဆိပ်ပင်လယ်ကမ်းစပ်တွင်စုပေါင်း၍ အရိုးအိုးမျှောခြင်း အကျွတ် လွတ်ပွဲတော်အဖြစ် စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိကြောင်းသိရသည်။
“ မိမိတို့ဒေသ၏ ဓလေ့တစ်ခုအနေဖြင့် ကျင်းပခဲ့တာ အခုဆိုရင်(၁၈)ကြိမ်မြောက်ရှိပြီး ဆရာတော်၏ ဦးစီးဦးဆောင်မှု၊ ကွယ်လွန်သူ မိဘဆွေမျိုးများ၏ ဆန္ဒပြည့်ဝစွာဆုတောင်းခြင်း နှင့် မေတ္တာပို့သခြင်းစသည့် ဓလေ့ပွဲတော်တစ်ခုဖြစ်ကြောင်း” ဒေသခံတစ်ဦးက ပြောသည်။
အောင်ဖြိုး(ရေး၊ ပြန်/ဆက်)


