ကော့ကရိတ် ၁၅ အောက်တိုဘာ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ ကော့ဘိန်းကျေးရွာ၊ ကော့ပေါက်ကျေးရွာတို့သည် သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့ရောက်တိုင်း နှစ်စဉ်နှစ်တိုင်း ငွေပဒေသာပင်လှည့်လည်၍ ပူဇော်ကြကြောင်း သိရသည်။
လှည့်လည်ပူဇော်ရာတွင် ကျေးရွာနှစ်ရွာမှ ရပ်ကွက်အလိုက် မွန်ရိုးရာငွေပဒေသာပင်များကို အဖွဲ့ ၁၆ ဖွဲ့မှ ကျေးရွာအတွင်း လှည့်လည်၍ ကော့ဘိန်းဘုရားကြီးကျောင်းတွင် ဘုရားကန်တော့ခြင်း၊ ဆရာကန်တော့ခြင်းဖြင့် ပူဇော်ကြသည်။
နှစ်စဉ်ရိုးရာမပြတ် လှည့်လည်ပူဇော်ရာ (၃၂)ကြိမ်မြောက်ရှိပြီဖြစ်ပြီး စည်းကားလျက်ရှိကြောင်း ကော့ဘိန်းကျေးရွာအုပ်ချုပ်ရေးမှူး၏ ပြောပြချက်အရ သိရှိရသည်။
ခင်မျိုးဝင်း(ကော့ကရိတ် ပြန်/ဆက်)


