ထန်တပင် ၁၅ အောက်တိုဘာ

 

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်တွင် သီတင်းကျွတ်ကာလ ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို (သီတင်းကျွတ်လပြည့်ကျော် (၂)ရက်နေ့) အောက်တိုဘာ ၁၅ ရက် မွန်းလွဲ ၃ နာရီက အမှတ်(၄)ရပ်ကွက်ရှိ ဓမ္မာရုံမှ စတင်ကြွချီ၍ ဆွမ်းဆန်စိမ်းအလှူတော်ခံယူခဲ့ကြသည်။

 

1

 

အဆိုပါ ဆွမ်းဆန်စိမ်လောင်းလှူပွဲကို နှစ်စဉ်သီတင်းကျွတ်ကာလရောက်တိုင်း ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ဗုဒ္ဓရုပ်ပွားတော်မြတ်များနှင့် ထန်းတပင်မြို့ပေါ်ရပ်ကွက်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းတိုက် (၈)ကျောင်းတို့တွင် သီတင်းသုံးနေထိုင်တော်မူကြသော သံဃာတော် အရှင်သူမြတ်များနှင့် သာမဏေများ စုစုပေါင်းအပါး (၁ဝဝ)တို့က အမှတ်(၃)ရပ်ကွက်နှင့် အမှတ်(၄)ရပ်ကွက်အတွင်းရှိ ဦးစံအေးလမ်းနှင့် ဦးမောင်သင်လမ်းတစ်လျှောက် ကြွချီအလှူတော်ခံယူတော်မူကာ ရပ်ကွက်နေ စေတနာရှင် ဒါယကာ၊ ဒါယိကာမအပေါင်းတို့က ကုသိုလ်ယူ လောင်းလှူပူဇော်ခဲ့ကြသည်။

 

ဇင်မင်းထိုက်(ပြန်/ဆက်)

 

1