ထီးချိုင့် ၁၆ အောက်တိုဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ထီးချိုင့်မြို့နယ် အမှတ်(၃)ရပ်ကွက်တွင် (၁၁၃) ကြိမ်မြောက် ဆွမ်းတော်ကြီး လောင်းလှူ ပူဇော်ပွဲကို ယနေ့နံနက် (၇) နာရီက လောင်းလှူခဲ့ကြကြောင်း သိရသည်။

          

အဆိုပါဆွမ်းတော်ကြီးလောင်းလှူပူဇော်ပွဲကို နှစ်စဉ်သီတင်းကျွတ်ကာလရောက်တိုင်း  ကျင်းပ ပြုလုပ်ခြင်းဖြစ်ပြီး နယ်နှင့်မြို့ပေါ် ကျောင်းတိုက် စုစုပေါင်း (၄၄) တိုက်တို့မှ ပင့်သံဃာများ၊ မြို့ပေါ်ပင့်သံဃာများ စုစုပေါင်း သံဃာအပါး ၄၁၀ တို့မှ ကိုယ်မင်းကိုယ်ချင်းလမ်းအတိုင်း စည်ကား သိုက်မြိုက်စွာ ကြွချီအလှူတော်ခံ ယူခဲ့ကြပါသည်။

 

မြို့လုံးကျွတ် ဆွမ်းတော်ကြီးလောင်းလှူပူဇော်ပွဲကို မြို့နယ်အတွင်းရှိ ဌာနဆိုင်အလှူရှင်များ၊ လူမှုရေး အသင်းအဖွဲ့များ၊ မြို့ပေါ်ရပ်ကွက်ရှိအလှူရှင်များက ဆွမ်းဆန်အပါအဝင် နဝကမ္မ ဝတ္ထုငွေများ အခြားလှူဖွယ် ပစ္စည်းများကို ကြည်ညိုသဒ္ဓါတရားထက်သန်စွာဖြင့် လောင်းလှူပူဇော်ခဲ့ကြောင်း သိရသည်။

 

 ရဲလင်းထွန်း( ပြန်ဆက်)