လိပ်သို   ၁၆   အောက်တိုဘာ 

 

ကရင်ပြည်နယ် လိပ်သိုမြို့ မစ (အထက်) ကျေးရွာ မူလတန်းကျောင်း၌ ယမန်နေ့ နံနက် (၉)နာရီက WORLD Concern အဖွဲ့နှင့် KMSSအဖွဲ့တို့ ပူးပေါင်း ၍ သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသ ဝင်ငွေမြှင့် တင်ရေးနှင့်  အာဟာရဖွံ့ဖြိုးရေးစီမံကိန်းမှ ၂၀၁၉ ခုနှစ် ကမ္ဘာ့လက်ဆေးနေ့ အခမ်းအနားကျင်းပခဲ့သည်။

 

အခမ်းအနားတွင် လိပ်သိုမြို့ တာဝန်ခံ ဆရာဝန် ဒေါက်တာဇေယျာဦးက အဖွင့်အမှာစကား ပြောကြားရာတွင် အာဟာရနှင့် ပတ်သက်သော သိကောင်းစရာများအားရှင်းလင်းပြောကြားပြီး WORLD Concern အဖွဲ့မှ Health Team Supervisor ဦးဇော်နိုင်ဉီးက ကမ္ဘာ့လက်ဆေးနေ့ အကြောင်းနှင့် လက်ဆေးခြင်း၏ အရေးပါပုံအကြောင်းတို့ကို အသိပညာပေးပြောကြားသည်။

 

ထို့နောက် သားဖွားဆရာမ ဒေါ်စိန်စိန်မြင့်၊ ဆရာ ဗစ်တာရဲ နှင့် ဆရာအောင်ဆန်းလင်းတို့က ဦးဆောင်၍ အစက်ချရေဘုံဘိုင်တည် ဆောက်ပုံအကြောင်းနှင့် လက်တွေ့သရုပ်ပြ လက်ဆေးခြင်းတို့ ပြုလုပ်ဆောင်ရွက်ခဲ့ပြီး ကလေးသူငယ်များနှင့် မိဘများအား ဉာဏ်စမ်းပဟေဠိ မေးခွန်း များမေးမြန်းခြင်း လက်ဆောင်ပစ္စည်းများပေးအပ်ခြင်းတို့ ဆောင်ရွက်ခဲ့ရာ (၁၀ဝ)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

 

လိပ်သို (ပြန်/ဆက်)