မိုးညို   ၁၆  အောက်တိုဘာ      

 

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့၊ မြို့မရပ်ကွက် ထင်းရှူးမြိုင်လမ်းရှိ အလက(ခွဲ) မြို့မကျောင်းတွင် ယနေ့နံနက်က မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ အခြေခံရှေးဦးသူနာပြု သင်တန်းဖွင့်ပွဲ ပြုလုပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ဦးကျော်၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမြင့်ဌေးနှင့် တပ်ဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးသန်းအောင်နှင့် ဆရာ/ ဆရာမများ၊ သင်တန်းသား သင်တန်းသူ ၇၀ တက်ရောက်ခဲ့သည်။

 

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ဦးကျော်က အဖွင့်အမှာစကား ပြောကြားပြီး  မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမြင့်ဌေးက အခြေခံရှေးဦးပြုစုခြင်း သင်တန်းဖွင့်လှစ်နိုင်ရေး ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများအကြောင်း ပြောကြားသည်။

 

2

 

အဆိုပါသင်တန်းတွင် ကြက်ခြေနီလှုပ်ရှားမှုနှင့် အခြေခံမူများ၊ ရှေးဦးပြုစုခြင်း သဘောတရားနှင့် တာဝန်ဝတ္တရားများ၊ ဒဏ်ရာအမျိုးမျိုးနှင့် သွေးယိုစီးခြင်း၊ သွေးဆုတ်သွေးလန့်ခြင်း၊ အပူလောင်ခြင်းနှင့် အရည်ပူလောင်ခြင်း၊ သတ္တဝါများကိုက်ခြင်းနှင့်မြွကေိုက်ခြင်း၊ အဆိပ်သင့်ခြင်း၊ အရိုးကျိုးခြင်း၊ ဦးခေါင်း ဒဏ်ရာနှင့် ကျောရိုးတန်းမကြီးဒဏ်ရာ၊ ရင်ခေါင်းဒဏ်ရာနှင့် ဝမ်းဗိုက်ဒဏ်ရာ၊ ဆေးထည့်ခြင်းနှင့် ပါတ်တီးစည်းနည်းများနှင့်  ကြပ်အသုံးပြုပုံ၊ လူနာသယ်ဆောင်ခြင်း၊ အခြေခံအသက်ကယ် အထောက် အကူပြုနည်းများ၊ အထွေထွေ အရေးပေါ်အခြေအနေနှင့် စိတ်ပိုင်းဆိုင်ရာ အားပေးကူညီခြင်းစသည့် သင်ခန်းစာများအား စာတွေ့/လက်တွေ့ပို့ချသွားမည်ဖြစ်ပြီး သင်တန်းအား ယနေ့မှ အောက်တိုဘာ ၂၀ ရက်အထိ (၅)ရက် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ကိုမင်း(ပြန်/ဆက်)