နေပြည်တော် ၁၆ အောက်တိုဘာ

 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့နယ်လုံးဆိုင်ရာ (၁၀၁)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ နှစ်ကျိပ်ရှစ်ဆူဗုဒ္ဓရုပ်ပွားတော်မြတ်များ ဒေသစာရီ လှည့်လည်အပူဇော်ခံတွင် ဘုရားများပင့်ဆောင်ပူဇော်သည့် ကားများအား ဘုရားဖြစ်တော်စဉ် မှန်ကန်စွာ သရုပ်ဖော်နိုင်မှု၊ ယဉ်ကျေးမှုဓလေ့ကို ဖော်ကြူးနိုင်မှု၊ သာသနာတော်ကို ပြန့်ပွား အောင်ဖော်ကြူးနိုင်မှု စသည့်အချက်များကိုအခြေခံ၍ ဆုချီးမြှင့်ပွဲကို အောက်တိုဘာ ၁၅ ရက်၊ နံနက် ၁၀ နာရီတွင် ပျဉ်းမနားမြို့၊ ကန်တော်မင်္ဂလာခန်းမ၌ ကျင်းပသည်။

 

ရှေးဦးစွာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင်က အဖွင့်အမှာစကား ပြောကြားပြီး၊ ဘုရားကားများအား နေပြည်တော်ကောင်စီမှ လှူဒါန်းသည့် အလှူငွေများအား ပေးအပ်လှူဒါန်းပေးသည်။

 

ဆက်လက်၍ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင်၊ ပျဉ်းမနားမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဉီးသန်းစိုးအောင်နှင့် တာဝန်ရှိသူများက  (၁၀၁)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ နှစ်ကျိပ်ရှစ်ဆူဗုဒ္ဓရုပ်ပွားတော်မြတ်များ ဒေသစာရီ လှည့်လည်အပူဇော်ခံပွဲ တွင် ဆုရရှိကြသော ဘုရားကားများနှင့် ပွဲတော်အတွင်း အဘက်ဘက်မှ ဝိုင်းဝန်းဆောင်ရွက်ပေး ကြသည့် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် အလှူရှင်များအား ဆုများနှင့် ဂုဏ်ပြုလက်မှတ် များကို ချီးမြှင့်ပေးရာ ပထမဆု နံတော်စဉ်ဝတ်ဖြူတော်အသင်း၊ ဒုတိယဆု မနောဖြူလူမှုရေး အသင်း၊ တတိယဆု ရွာကောက်ရပ်ကွက်ဝတ်ဖြူတော်အသင်း၊ စတုတ္ထဆု ရန်အောင်(၂)ရပ်ကွက် ဝတ်ဖြူတော်အသင်း၊ ပဉ္စမဆု ပညာရေးမိသားစုနှင့် အထူးဆုကို ဟိန္ဒူဘာသာရေးအသင်းတို့မှ ရရှိခဲ့ကြကြောင်း သိရသည်။

 

အဆိုပါအခမ်းအနားသို့ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ် အတွင်းရှိဝတ်ဖြူတော် အသင်း(၈)သင်းမှ အသင်းသား၊ အသင်းသူများ၊  လူမှုရေးအသင်း အဖွဲများ၊ ဘာသာရေး အသင်းအဖွဲ့များနှင့် အလှူရှင်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

             

စိုးမိုး(ပြန်/ဆက်)