နောင်ချို ၁၆ အောက်တိုဘာ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၌ အောက်တိုဘာလ၁၅ရက်နေ့ နံနက် (၆)နာရီအချိန်က ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်တစ်ခွင် ကျောင်းခြေပြုမီနီမာရသွန် အပြေးပြိုင်ပွဲကို ကျင်းပ ပြုလုပ်ခဲ့ရာ ကျောင်းသား/သူ (၂၀ဝ) ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
မီနီမာရသွန်ပြိုင်ပွဲတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် သစ်တောနှင့်သယံဇာတဝန်ကြီး ဒေါက်တာ ညီညီအောင် တို့က မြို့နယ်အားကစားကွင်းမှ စတင်တာလွှတ်ပေးခဲ့ပြီး တောင်ရပ်ကွက်မြို့ရှောင်လမ်းရှေ့ထိ၊ မြို့ရှောင် လမ်းရှေ့မှ မြို့နယ်အားကစားကွင်းထိ ပြန်လည်ပန်းဝင်စေခဲ့ပြီး ပထမ၊ဒုတိယ၊တတိယဆုများနှင့် နှစ်သိမ့်ဆု ရရှိသော ကျောင်းသား(၃၀)ဦး၊ ကျောင်းသူ(၃၀)ဦးတို့အား ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ် အား/ကာညွှန်ကြားရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
သန်းသန်းထွေး( ပြန်/ဆက်)


