ကော့သောင်း ၁၆ အောက်တိုဘာ
ကော့သောင်းခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့်ကော့သောင်းစက်ဘီးအသင်း (KTCC)တို့ ပူးပေါင်း၍(၃)ခရိုင်ဖိတ်ခေါ် တောင်တက်ခရီးကြမ်း Mountain Bike Challenge 2019 ပြိုင်ပွဲအား ယခု အောက်တိုဘာလ ၁၉ရက်နေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲတွင် တနင်္သာရီတိုင်းဒေသကြီး၊ အတွင်းရှိခရိုင်သုံးခရိုင်ဖြစ်သည့် ထားဝယ်ခရိုင်၊ မြိတ်ခရိုင် နှင့် ကော့သောင်းခရိုင် တို့မှစက်ဘီးအားကစားသမားများ အားဖိတ်ခေါ်ကျင်းပခြင်းဖြစ်ပြီး ပြိုင်ပွဲအားအသက်(၄၀ ) အထက် နှင့် အသက်(၄၀)အောက် အတန်းနှစ်တန်းခွဲ ပြုလုပ်သွားမည်ဖြစ်ရာ အတန်းနှစ်တန်းလုံးတွင် ပထမ၊ ဒုတိယ ၊တိတယဆုရရှိသူများအား ထိုက်တန်စွာဆုများချီးမြှင့်ပေးမည့် အပြင် ပြိုင်ပွဲသတ်မှတ်ချိန် (၁း၃၀)နာရီ အတွင်းပန်းဝင်သော စက်ဘီးသမားများအားအမှတ်တရ FINISHER ဆုများချီးမြှင့်သွားမည်ဖြစ်သည်။
အဆိုပါပြိုင်ပွဲအား ကျန်းမာကြံ့ခိုင်သည့်မျိုးဆက်သစ်လူငယ် စက်ဘီးစီးအားကစားသမားများ ထွန်းကား လာရေး၊ ( ၃ )ခရိုင်အတွင်းမှ စက်ဘီးသမားများအခြင်းခြင်း ချစ်ကြည်ရင်းနှီးမှု ရရှိစေရန်နှင့် တနင်္သာရီတိုင်း ဒေသကြီးအတွင်း စက်ဘီးအားကစား ကိုလူငယ်လူရွယ်များ ပိုမိုစိတ်ဝင်စားလာစေရန် ရည်ရွယ်၍ ကျင်းပ ပြုလုပ်ခြင်းဖြစ်ပြီး နှစ်စဉ် ခရိုင်( ၃ )ခုရှိ အဓိကမြို့ကြီးများတွင် အလှည့်ကျကျင်းပပြုလုပ်သွား မည်ဖြစ်ကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း)


