၁၆ အောက်တိုဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့ပြည်သူ့ဆေးရုံတွင် တိုးချဲ့အဆောင်သစ်(၂)ထပ် ဆောင်ဖွင့်ပွဲကို အောက်တိုဘာ ၁၅ ရက် နံနက်ပိုင်းက အဆိုပါဆေးရုံ အတွင်း၌ပြုလုပ်ခဲ့ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ကြည် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးညီညီထွန်း တို့မှဖွင့်လှစ်ပေးခဲ့သည်။

 

အဆိုပါ နှစ်ထပ်ဆောင်အား အပေါ်ထပ်ကို ခွဲစိတ်ဆောင်အဖြစ်လည်းကောင်း၊အောက်ထပ်ကို အရိုးအကြော အထူးကုသဆောင်အဖြစ်လည်းကောင်း သတ်မှတ်ကာ လက်ရှိ တက်ရောက် လျှက်ရှိသော အရိုးအကြောလူနာ၁၅ဦးကို အဆိုပါဆေးရုံသို့ ပြောင်းရွှေ့နေရာချထားခဲ့ကြောင်း သိရသည်။

 

ထို့အတူ ဆေးရုံ ပြင်ပတွင် နေအိမ်အငှားဖြင့် နေထိုင်ကြရသည့် ဆရာဝန်များအတွက်လည်း(၄)ခန်းတွဲ(၄)ထပ် ဆောင်ဖွင့်လှစ်ခြင်းနှင့် သံဃာတော်များအား ပင့်ဖိတ်ကာအန္တရာယ်ကင်း တရားနာခြင်း ဆွမ်းဆက်ကပ် လှူဒါန်းခြင်းများ ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

 

ယနေ့ဖွင့်လှစ်လိုက်သော အရိုး၊ အကြော၊ ခွဲစိတ်..ကုသဆောင်(၂)ထပ်ဆောင်အား ကျပ်သိန်း (၄၅၀ဝ)ဖြင့်လည်းကောင်း၊ ဆေးရုံဝန်ထမ်းများနေအိမ်(၄)ခန်းတွဲ(၄)ထပ်ဆောင် အတွက် ကျပ်သိန်း(၄၅၀ဝ)တို့ဖြင့်လည်းကောင်း နိုင်ငံတော်မှ အကုန်အကျခံ တည်ဆောက် ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါ အဆောက်အဦးများ တိုးချဲ့ရန်လိုအပ်ချက်များကို စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးညီညီထွန်းမှ တစ်ဆင့်လွှတ်တော်ကို တင်ပြခဲ့ရာမှ ယခုလို တိုးချဲ့ဆောင်များ ရရှိခဲ့ကြောင်းလည်း သိရသည်။

 

ကသာခရိုင် ပြည်သူ့ဆေးရုံသည် အင်းတော်မြို့နယ်ကသာမြို့နယ်ဗန်း မောက်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ထားရသည့်ခုတင်(၁၀ဝ) စံကိုက်ဆးရုံကြီးဖြစ်သည့်အတွက် ယခု အသစ်တည်ဆောက်ပေးလိုက်သော လူနာဆောင်များကြောင့် ကြပ်တည်းစွာ နေထိုင်ရသည့် ဒုက္ခအခက်အခဲကို ဖြေရှင်းနိုင်ခဲ့ကြောင်း သိရပါသည်။

 

လူအောင်(ကသာ)