ကလေးဝ အောက်တိုဘာ ၁၆

 

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ်အတွင်း ယမန်နေ့ညက  မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် မုံရွာ-ရေဦး-ကလေးဝကားလမ်း မိုင်တိုင်အမှတ်၉၅/၄နှင့် ၉၅/၅ကြား ယုဇလယ်ကျေးရွာအနီးရှိ တံတားတစ်စင်း ချဉ်းကပ်လမ်း ချောင်းရေတိုက်စား၍ ဘေး‌မြေကာ နံရံ ၆ပေခန့် ပြိုကျ ပျက်စီးသွားပြီး ကားများသွားလာ၍ မရတော့သဖြင့် သက်ဆိုင်ရာ တာဝန်ရှိဌာနဆိုင်ရာများက ကားများသွားလာ အသုံးပြုနိုင်ရန် ပြုပြင်ဆောင် ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

၁

 

သက်ဟန်(ကလေးဝ)