လွိုင်ကော် ၁၆ အောက်တိုဘာ
ကယားပြည်နယ်သည် ခေတ်စနစ်အမျိုးမျိုးအရ ပညာရေးကဏ္ဍတွင် အခြားတိုင်းဒေသကြီး ပြည်နယ်များထက် နိမ့်ကျခဲ့သဖြင့် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ရုပ်ပိုင်းဆိုင်ရာ အဆောက်အဦနှင့် ပစ္စည်းများ၊ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်စေမည့် နည်းလမ်းများဖြင့် ဖြည့်ဆည်းအားပေးလျက်ရှိသည်။
ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုသည် ယနေ့မွန်းလွဲ ၃ နာရီက ဝန်ကြီးချုပ်ရုံးခန်း၌ လောဓလေး ကိုယ့်အားကိုယ်ကိုး မူကြိုကျောင်းတွင် လိုအပ်လျက်ရှိသော အိမ်သာနှင့် လှေကား ဆောက်လုပ်ရန်အတွက် ထောက်ပံ့ငွေကျပ် (၁၅) သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ရာ သက်ဆိုင်ရာ ဌာနတာဝန်ရှိသူများနှင့် ကျေးရွာတာဝန်ခံများမှ လက်ခံခဲ့ကြကြောင်း သိရှိရသည်။
လွိုင်ကော်သား


