နေပြည်တော် ၁၆ အောက်တိုဘာ

 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Colonel General Alexander V. Fomin ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှုများ တိုးမြှင့်ဆောင်ရွက်နိုင်မည့် အခြေအနေ၊ ရုရှားနိုင်ငံတွင် နှစ်စဉ်ကျင်းပပြုလုပ်သည့်  International Army Games ပြိုင်ပွဲများကျင်းပမှု၊ မြန်မာ့တပ်မတော်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အခြေအနေနှင့် ဆက်လက်ပါဝင်ယှဉ်ပြိုင်သွားမည့် အခြေအနေ၊ စီးပွားရေးနှင့် အခြားကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်မည့်အခြေအနေ၊ လေ့ကျင့်ရေးဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးနှင့် ချစ်ကြည်ရေးခရီးစဉ် အပြန်အလှန် လည်ပတ်ရေးဆိုင်ရာ ကိစ္စရပ်များအား ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

သတင်းစဉ်