၁၆ အောက်တိုဘာ
၂၀၁၉ အာရှ ယူ-၁၉ အမျိုးသမီးပြိုင်ပွဲ နောက်ဆုံးအဆင့်အတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် မန္တလေးမြို့၌ လေ့ကျင့်နေသည့် မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် ယနေ့ညနေပိုင်းက မန္တလေး မဟာအောင်မြေ ယူ-၁၄ အမျိုးသား အသင်းနှင့် ခြေစမ်းပွဲကစားရာ နှစ်ဂိုးစီ သရေကျခဲ့သည်။
မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် အာရှပြိုင်ပွဲအတွက် အပြီးသတ်ပြင်ဆင်နေသောကြောင့် အမာခံကစားသမားများ အသုံးပြုခဲ့သလို အခြားကစားသမားများကိုလည်း ထည့်သွင်းအသုံးပြုခဲ့သည်။
မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းအတွက် နှစ်ဂိုးစလုံးကို မြတ်နိုးခင်က သွင်းယူပေးခဲ့ပြီး ပထမပိုင်းနှင့် ဒုတိယပိုင်းတို့တွင် တစ်ဂိုးစီသွင်းယူခဲ့သည်။
မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် မန္တလေးခြေစမ်းခရီးစဉ် နောက်ဆုံးပွဲအဖြစ် အောက်တိုဘာ ၁၈ ရက်တွင် အား/ကာသိပ္ပံ အမျိုးသမီးအသင်းနှင့် ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။
သတင်း-ရဲရင့်ရှိုင်း