ရွှေကူ ၁၇ အောက်တိုဘာ
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၌ အသက် ၈၅ နှစ်နှင့်အထက် အဘိုးအဘွားများ အား လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲ ၁နာရီက ကျင်းပသည်။
ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဇာနည်မင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူးဦးတိုးတိုးဝင်းက လူမှုရေးပင်စင်ထောက်ပံ့ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ ရွှေကူမြို့နယ်အတွင်းရှိရပ်ကွက်၊ ကျေးရွာများမှ အသက်၈၅နှစ်နှင့်အထက်အဘိုး အဘွား(၁၉၆)ဦးအား သုံးလစာအတွက် တစ်ဦးလျှင် ငွေကျပ် ၃၀ဝ၀ဝနှုန်းဖြင့် စုစုပေါင်း (၅၈၈၀ဝ၀ဝ)ကျပ်ကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တို့က အဘိုးအဘွားများကိုယ်စား ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ ကြောင်းသိရှိရသည်။
သန်းနိုင်စိုး


