ကော့မှူး  ၁၇   အောက်တိုဘာ 

 

ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် မြောက်ချောင်ကျေးရွာအုပ်စု ရေတာရှည်ကျေးရွာတွင် ဖွင့်လှစ်ထားသော ရွှေကော့မှူးမေတ္တာ အခမဲ့ဆေးကုသခန်းမှ အောက်တိုဘာ ၁၉ ရက် နံနက် ၇ နာရီမှ မှ စတင်၍ (၇၄)ကြိမ်မြောက် အခမဲ့ဆေးကုသပေးမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ဆေးကုသရာတွင် အွန်လိုင်းမှ တိုကင်ယူမည်သူများအနေဖြင့် အောက်တိုဘာ ၁၇ ရက် နံနက်၉နာရီမှညနေ၄နာရီအတွင်း စာရင်းပေးသွင်းနိုင်ပြီး အွန်လိုင်းတိုကင်မရရှိသူများအတွက် အောက်တိုဘာ ၁၉ ရက် နံနက်၉နာရီတွင် တိုကင်နံပတ် ၁ မှ ၁၀ဝ အထိ လူကိုယ်တိုင် လာရောက် ထုတ်ယူနိုင် ကြောင်းသိရသည်။

 

သံဃာတော်များ၊ သီလရှင်များနှင့် အခြားဘာသာဝင်သာသနာပြုဝန်ထမ်းများ အနေဖြင့် တိုကင် ယူစရာမလိုဘဲ ဆေးခန်းဖွင့်လှစ်ကုသချိန်အတွင်းလာရောက်ပြသကုသနိုင်ကြောင်းသိရသည်။

 

ကျော်သူရ(ကော့မှူး)