ပင်လည်ဘူး ၁၇   အောက်တိုဘာ 

 

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင်  ပင်လည်ဘူးမြို့၌  ၂၀၁၈ ခုနှစ် အတွင်း မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ ထုတ်ချေးပေးခဲ့သော စိုက်ပျိုးစရိတ်ချေးငွေ အစောဆုံးပြေကျေသည့် ကျေးရွာအုပ်စုများသို့ ဂုဏ်ပြုဆု လက်ဆောင်များချီးမြှင့်ပွဲ အခမ်းအနားကို အောက်တိုဘာ  ၁၇ ရက် နံနက် ၁ဝ နာရီက မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

 

   အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးခိုင်လင်းနိုင်က အဖွင့်အမှာစကား ပြောကြားပြီးနောက် မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ ဒေါ်မာမာလွင်က ၂၀၁၈ခုနှစ် မိုးရာသီတွင် စိုက်ပျိုးစရိတ် ဘဏ်ချေးငွေကို အစောဆုံးပျေကျေအောင်ပေးချေနိုင်သည့် ကျေးရွာအုပ်စုများအား ဂုဏ်ပြုဆုလက်ဆောင် ချီးမြှင့်ပေးရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။

 

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသည့် သက်ဆိုင်ရာ တာဝန် ရှိသူများက နယ်မြေဒေသ အပိုင်း အခြားအလိုက် စိုက်ပျိုးစရိတ်ချေးငွေ အစောဆုံးပြေကျေသည့်   ၅ မိုင်ဝန်းကျင်ဒေသ မြို့မရပ်ကွက်၊ ဘန့်ဘွေးကုန်းကျေးရွာအုပ်စု၊ စင်လောင်ကျေးရွာအုပ်စု၊ မြောက်မိုင်းဒေသ ကံကုန်း ကျေးရွာအုပ်စုနှင့် မော်လင် ကျေးရွာအုပ်စု၊ နောင်ကင်းကျေးရွာ အုပ်စုနှင့်အထူးဆုရရှိသော ပင်းကြိုင်းကျေးရွာအုပ်စုတို့အား ဂုဏ်ပြုဆု လက်ဆောင်များချီးမြှင့်ရာ ကျေးရွာအုပ်စုဘဏ် အတွင်းရေးမှူးများက ဆုများ လက်ခံရယူကြ ကြောင်း သိရသည်။

 

မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂ဝ၁၈ ခုနှစ်တွင် ကျေးရွာအုပ်စု ၅၂  အုပ်စုသို့ စိုက်ပျိုးစရိတ် ချေးငွေကျပ် ၅၁၃၈.၅ သိန်းကို ထုတ်ချေးပေးခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် ကျေးရွာ အုပ်စု ၅၂ အုပ်စုကို စိုက်ပျိုးစရိတ် ချေးငွေကျပ် သိန်း  ၅၃၇၅၀ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

 

မျိုးလွင်(ပင်လည်ဘူး)