တီးတိန် ၁၇ အောက်တိုဘာ
ချင်းပြည်နယ် တီးတိန်မြို့စကောလမ်းရပ်ကွက်ရှိ ထွမ်းဝုမ်းဂေါက်ကလပ်သည် ၂၀၁၁ခုတွင် စတင်ထူထောင်ခြင်းဖြစ်ရာ ၂၀၁၉ခု ၈ နှစ်ပြည့်အထိမ်းအမှတ်နှင့် ရိုးရာခွာဒိုပွဲအထိမ်းအမှတ် ဂေါက်သီး ရိုက်ပြိုင်ပွဲကို အောက်တိုဘာ ၁၉ ရက်နံနက်ပိုင်းမှစတင်၍ အဆိုပါ ဂေါက်ကွင်း၌ ကျင်းပ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲတွင် ဟားခါး၊ ဖလမ်း၊ ကလေးမြို့စသည့်မြို့နယ်အသီးသီးမှ ဂေါက်သီးရိုက် အားကစား ဝါသနာရှင် ၅၀ ဦးခန့် လာရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ညနေ ၆ နာရီတွင် ရိုးရာယဉ်ကျေးမှု အကများနှင့် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ပြု လုပ်သွားမည်ဖြစ်ကြောင်း တီးတိန်မြို့ ထွမ်းဝုမ်းဂေါက် ကလပ်အသင်း တာဝန်ခံ ဦးဝုန့်ပြင်းထန်ထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)


