ပုသိမ် အောက်တိုဘာ  ၁၇

 

ဧရာဝတီ တိုင်းဒေသကြီး ပုသိမ်မြို့တွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား၊ ၆ခရိုင်နှင့် တက္ကသိုလ် ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်)နှင့်  Myanmar Fitness Dance ပြိုင်ပွဲဖွင့်ပွဲကိုယနေ့ နံနက်ပိုင်းက ကိုးသိန်းအားကစားခန်းမ၌ ကျင်းပသည်။

 

၎င်းနောက်ဝန်ကြီးချုပ် ဦးလှမိုးအောင်က အဖွင့်အမှာစကားပြောကြားသည်။

 

အဆိုပါ ပြိုင်ပွဲကိုအသင်း ၇ သင်း ပါဝင်ယှဉ်ပြိုင်ကြပြီး၊ ဗိုလ်လုပွဲနှင်ဆုပေးပွဲကို အောက်တိုဘာ ၁၈ ရက်နေ့တွင် ကျင်းပမှာဖြစ်ကြောင်း သိရသည်။

 

ဖွင့်ပွဲသို့ ဝန်ကြီးချုပ် ဉီးလှမိုးအောင်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဒိုင်အဖွဲဝင်များ၊ အုပ်ချုပ်နှင့် နည်းပြများ၊ ပြိုင်ပွဲဝင် အားကစားသမားများ၊ အခြားဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သိရသည်။

 

မြို့နယ်ပြန်/ဆက်