မန္တလေး ၁၇ အောက်တိုဘာ
မြန်မာနိုင်ငံကင်းထောက်အမျိုးသမီးအဖွဲ့ ကင်းထောက်အမျိုးသမီးနည်းပြ အခြေခံသင်တန်း (အထက် မြန်မာပြည်)ဖွင့်ပွဲကို မန္တလေးမြို့၊ အထက(၁၆) ကျောင်းရှိ ပညာရတနာခန်းမ၌ ယနေ့ နံနက် ၉ နာရီ က ကျင်းပ ပြုလုပ်သည်။
အခမ်းအနားတွင် မြန်မာနိုင်ငံ ကင်းထောက်အမျိုးသမီးအဖွဲ့မှ အလံသယ်ယူခြင်း၊ လွှင့်တင်ခြင်း၊ အလေးပြုခြင်း၊ ကတိ(၃)ပါးရွတ်ဆိုခြင်းနှင့် World Song သီဆိုခြင်းများအား အစီအစဉ်အတိုင်း ဆောင်ရွက်ကြသည်။
၎င်းနောက် မြန်မာနိုင်ငံကင်းထောက်အမျိုးသမီးအဖွဲ့၏ ကင်းထောက်ချုပ် ဆရာမကြီး ဒေါက်တာ တင်လှကြည်က အဖွင့်အမှာစကားပြောကြားပြီး မန္တလေးတိုင်းဒေသကြီးပညာရေးမှူးရုံး မှ ညွှန်ကြားရေးမှူး ဦးစိုးလွင် နှုတ်ခွန်းဆက်အမှာစကား ပြောကြား သည်။
ယင်းနောက် ကင်းထောက်မယ်များက ‘’ မြင့်မြတ်နှလုံးသားပိုင်ရှင်’’ သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။ ထို့နောက် အလှူရှင်များက မြန်မာနိုင်ငံကင်းထောက်အမျိုးသမီးအဖွဲ့အား အလှူငွေများပေးအပ်ရာ ကင်းထောက် ချုပ်နှင့် တာဝန်ရှိသူများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။၎င်းနောက် အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးသည်။.
အဆိုပါ နည်းပြသင်တန်းကို အောက်တိုဘာ ၁၇ ရက် မှ ၁၉ ရက်အထိ သင်တန်းသူ (၁၈၂)ဦးဖြင့် ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီး ဖွင့်ပွဲသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင် နှင့်တာဝန်ရှိသူများ၊ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ကင်းထောက် အမျိုးသမီးအဖွဲ့မှ နည်းပြများနှင့် သင်တန်းသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
သန်းဇော်မင်း(ပြန်/ဆက်)


