ငါ့သရောက်  ၁၇  အောက်တိုဘာ 

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ငါ့သရောက်မြို့ အမှတ်(၂)ဈေးကုန်းရပ်နှင့် အမှတ်(၄) သိမ်တော်ရပ်ကွက်တို့ ဆက်သွယ်ဖောက်လုပ်ထားသည့် ရွှေလှံပျံချောင်းရေကျော် ကွန်ကရစ်လမ်း သည် အောက်တိုဘာ ၇ရက် နေ့ခင်းပိုင်းက ရွာသွန်းခဲ့သည့်မိုးကြောင့် ပေ ၁၅၀ ပတ်လည်ခန့် ပျက်စီးသွားခဲ့ကြောင်းသိရသည်။

 

အဆိုပါ ရွှေလှံပျံချောင်း ရေကျော်ကွန်ကရစ်လမ်းသည် ငါ့သရောက်မြို့ ရပ်ကွက်သုံးရပ်ကွက် နှင့် အမှတ်(၄)သိမ်တော်ရပ်ကွက် သွားရာလမ်းတစ်လမ်းသာရှိပြီး ထိုချောင်းရေကျော် ကွန်ကရစ် လမ်းသည် အောက်တိုဘာ ၇ရက်နေ့ နေ့ခင်းပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကျော်ကွန် ကရစ်လမ်းချောင်းရေတိုက်စားကာ ရေနှင့်မျှောပါပျက်စီးသွားခဲ့ကြောင်း အမှတ်(၂) ရပ်ကွက်အုပ်ချုပ် ရေမှူး ဦးလှမြင့်မောင်ကပြောပြသည်။

 

အဆိုပါ ရေကျော်ကွန်ကရစ်လမ်းပျက်စီးသွားခြင်းကြောင့် အမှတ်(၄)သိမ်တော်ရပ်မှချောင်း တစ်ဖက်ရှိ ငါ့သရောက်အခြေခံပညာအထက်တန်းကျောင်းသို့ တက်ရောက်နေသည့် ကျောင်းသား ကျောင်းသူများ စက်ဘီးစီးမရခြင်း၊ဆိုင်ကယ်ဖြင့် ကျောင်းလိုက်ပို့၍မရခြင်းနှင့် ဈေးကား များ ခရီးဝေးသည့်ဘက်မှ ပတ်မောင်းသွားရခြင်းများကြောင့် သက်ဆိုင်ရာတာ ဝန်ရှိသည့် ဌာနမှ အမြန်ဆုံး ပြန်လည်ပြုပြင်ပေးစေလိုကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးလှမြင့် မောင်မှပြောပြ၍သိရကာ အဆိုပါချောင်းသည် သဲအလွန်ထူထပ်ခြင်းနှင့် ချောင်းရေနှင့်အတူ ကွန်က ရစ်လမ်း ပေ ၁၅၀ ပတ်လည်ခန့် ပျက်စီးသွားကြောင်းသိရသည်။

 

မောင်မောင်ထိန်၊ကျောက်ပန်းတောင်း