မြစ်ကြီးနား     အောက်တိုဘာ ၁၇

 

အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ပါးရေးနေ့အကြို လူထုလှုပ်ရှားမှုတစ်ရပ်အဖြစ် စုပေါင်းလမ်းလျှောက်ခြင်းနှင့် ဘေးဒဏ်ခံအဆောက်အဦများ ဆောက်လုပ်နိုင်ရေးအတွက် အသိပညာပေးဟောပြောပွဲကို ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးဆောင်၍ ယနေ့ နံနက် ၆ နာရီမှ စတင်၍ မြစ်ကြီးနားမြို့၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

 

အထိမ်းအမှတ်နေ့အကြို လူထုလှုပ်ရှားမှုတစ်လှုပ်အဖြစ် ပြည်နယ်အစိုးရအဖွဲ့ဝင် လူဝင်မှုကြီး ကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးဇော်ဝင်း ဦးဆောင်၍ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များ၊ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာနမှဝန်ထမ်းများ၊ဒိုင်ဖိန်းလူမှုရေးလုပ်ငန်းအဖွဲ့(Daifin Social Service)တို့စုပေါင်း၍ မြစ်ကြီးနား ပြည်သူ့ဆေးရုံလမ်းထောင့်မှ ပညာရေးကောလိပ်အထိ စုပေါင်း လမ်းလျှောက်ခဲ့ကြသည်။

 

ယင်းနောက် မြစ်ကြီးနားလေးကျင့်ရေးအလယ်တန်းကျောင်း၌ ပြည်သူလူထုများဘေးဒဏ်ခံ အဆောက်အဦများ ဆောက်လုပ်နိုင်ရေး အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ရာ ပြည်နယ် ဝန်ကြီးက အမှာစကားပြောကြားပြီး ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်နယ် ဦးစီးမှူး ဒေါ်လှကေသီမာက အပြည်ပြည်ဆိုင်ရာ သဘာဝဘေး အန္တရာယ် ထိခိုက်ဆုံးရှုံး နိုင်ခြေလျှော့ချ ရေးနေ့ပေါ်ပေါက်လာရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 

ထို့နောက် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းမှ တာဝန်ရှိသူတစ်ဦးက ဘေးဒဏ်ခံအဆောက်အဦ များ တည်ဆောက်ရေးနှင့်ပက်သက်၍ ရှင်းလင်းဟောပြောခဲ့ပြီး ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများက အခမ်းအနား တက်ရောက် လာကြသည့် NGO ၊ INGO အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပညာရေး ကောလိပ်နှင့် သူနာပြုသင်တန်းကျောင်းများမှ သင်တန်းသား/သူများအား သဘာဝဘေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။

 

ပြည်နယ်ပြန်/ဆက်