ဘားအံ ၁၇ အောက်တိုဘာ
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ဒေသအတွင်း စာဖတ်ရှိန် မြင့်မားလာစေရေးနှင့် စာတတ်သူတိုင်း စာဖတ်နိုင်ရေးအတွက် ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် ပြည်သူလူထုလက်ဝယ် အရောက် စာအုပ်စာစောင်များ ငှားရမ်းပေးလျှက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် အစားအသောက် နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊ အုန်းတစ်ပင်ကျေးရွာစာကြည့်တိုက်နှင့် ဆောက်လုပ်ရေးဦးစီးဌာနရုံးများသို့ စာအုပ်၊ စာစောင်များ သွားရောက်ငှားရမ်းပေးခဲ့သည်။
ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်များသွားရောက်ငှားရမ်းပေးရာတွင် ဘားအံမြို့နယ်အတွင်းရှိ အခြေခံ ပညာကျောင်းများ၊ ကျေးရွာစာကြည့်တိုက်များ၊ သင်တန်းကျောင်းများ၊ ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများ စုစုပေါင်း (၃၆)နေရာကို သွားရောက်ငှားရမ်းပေးလျှက်ရှိပြီး (၂)ပတ်လျှင်တစ်ကြိမ်နှုန်းဖြင့် စာအုပ်၊ စာစောင်များ ငှါးရမ်း ပေးလျက်ရှိပါသည်။
ရွှေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်စာစောင်များငှါးရမ်းပေးမှုအပေါ် အမျိုးသမီးအိမ်တွင်းမှုသက်မွေးပညာ သင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးဒေါ်သန်းသန်းက ῝ကျွန်မတို့သင်တန်းကျောင်းမှာရှိတဲ့ ပြည်နယ်အတွင်း ရပ်ကွက်/ ကျေးရွာများမှ သင်တန်းလာတက်ကြတဲ့ သင်တန်းသူတွေအနေနဲ့ စာအုပ်စာစောင်တွေကို အလွယ်တကူ လေ့လာဖတ်ရှု့ခွင့်ရပြီး ဗဟုသုတတိုးပွားစေတဲ့ များစွာအကျိုးကျေးဇူးဖြစ်စေပါတယ်” ဟု ပြောသည်။
ရွှေ့လျားစာကြည့်တိုက်ယာဉ်သည် တနင်္လာနေ့မှ သောကြာနေ့အထိ (ရက်သတ္တပတ်လျှင် ငါးရက်)နှုန်းဖြင့် စာအုပ်ပေါင်း ၈၀၀ဝခန့်ကို လှည့်လည်ငှါးရမ်းပေးလျက်ရှိပြီး အသင်းဝင်ကတ်များကို အခမဲ့ ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)



