ကျောင်းကုန်း ၁၇  အောက်တိုဘာ

 

တီဘီရောဂါဖြစ်ပွားမှု၊ ပျံ့နှံ့မှုများကို ထိန်းချုပ်နိုင်ရန်နှင့် ထိရောက်သော ကုသမှုများကို ချက်ချင်း ဆောင်ရွက်ပေးနိုင်ရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ချောင်ကြီး တိုက်နယ်ဆေးရုံတွင် ယနေ့နံနက် ၁၀ နာရီက  ကွင်းဆင်း ကုသပေးခဲ့ကြသည်။

 

အဆိုပါ အဖွဲ့ကို ဒေါက်တာ ဟိန်းထက်ကျော်စိုး ဦးဆောင်သော အဖွဲ့ကချောင်ကြီးအုပ်စု၊ ဖုန်းဆိုးအုပ်စု၊ ကျားကိုက်ချောင်းအုပ်စု၊ထောက်ရှာအုပ်စုများမှ ဝေဒနာရှင် ၁၇၀ အား တီဘီရောဂါ၊ အဆုတ်ရောဂါ၊ အမောရောဂါ တို့ရောဂါရှာဖွေ ကုသပေးခဲ့ကြောင်း သိရသည်။

 

အောက်တိုဘာလ ၁၈  ရက်နေ့တွင် ကျောင်းကုန်းမြို့နယ် ပြည်သူ့ဆေးရုံ၌ လည်းကောင်း၊ အောက်တိုဘာလ ၁၉ ရက်နေ့တွင် လေးအိမ် ပုဂံစုစာသင်ကျောင်း၌ လည်းကောင်း ဆက်လက် ဆေးကုသပေးမည် ဖြစ်ကြောင်း မြို့နယ်ဆရာဝန်ကြီးထံမှ သိရသည်။

 

ဝင်းကြိုင်(ပြန်/ဆက်)