နေပြည်တော် ၁၇ အောက်တိုဘာ 

မြေအသုံးချမှုဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့ ပထမအကြိမ်အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် သစ်တောဦးစီးဌာန အင်ကြင်းခန်းမ၌ ကျင်းပသည်။ 

အစည်းအဝေးတွင် အဖွဲ့ခေါင်းဆောင် ပင်စင်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝါဝါမောင်က မြေအသုံးချမှုဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့၏ လုပ်ငန်းတာဝန်များမှာ ကျယ်ပြန့်သော်လည်း မြေစီမံခန့်ခွဲမှုနှင့်သက်ဆိုင်သော ထီးရိပ်ဥပဒေဖြစ်သည့် အမျိုးသားမြေဥပဒေရေးဆွဲရေးနှင့် ဥပဒေများသဟဇာတဖြစ်စေရေးအတွက် အကြံဉာဏ်နည်းပညာပံ့ပိုးခြင်း အပါအဝင် အခြားဦးစားပေးဆောင်ရွက်သင့်သော လုပ်ငန်းများကို ဝိုင်းဝန်းဆွေးနွေးပေးကြပါရန် ပြောကြားသည်။

ထို့နေက် မြေအသုံးချမှုဆိုင်ရာ နည်းပညာအကြံပေး အဖွဲ့အတွင်းရေးမှူး၊ သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်လွင်က အမျိုးသားမြေအသုံးချမှုကောင်စီ၏ လုပ်ငန်းဆောင်ရွက်နေမှုများနှင့် မြေအသုံးချမှုဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့၏ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို အဆိုပြုရှင်းလင်းတင်ပြရာ တက်ရောက်လာကြသူများက အကြံပြုဆွေးနွေးကြသည်။

အစည်းအဝေးကရရှိသည့် ရလဒ်များကို အမျိုးသားမြေအသုံးချမှုကောင်စီသို့ ဆက်လက်တင်ပြသွားမည်ဖြစ်ပါကြောင်း သိရသည်။

အစည်းအဝေးသို့ မြေအသုံးချမှုဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့ဝင်များဖြစ်သည့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအရာရှိများ၊ လူမှုရေးအသင်းအဖွဲ့များ၊ တောင်သူ လယ်သမားကိုယ်စားလှယ်များ တက်ရောက်ကြသည်။ 

သတင်းစဉ်