၁၇  အောက်တိုဘာ

မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာသည် အောက်တိုဘာ ၁၇ ရက်မှစ၍ အီဂျစ်နိုင်ငံ၌ ကျင်းပလျက်ရှိသည့် Egypt International 2019 ကြက်တောင်ပြိုင်ပွဲတွင် ပထမအဆင့်မှ စတင်ကစားရမည် ဖြစ်သည်။

သက်ထားသူဇာသည် ယင်းပြိုင်ပွဲ၏ လက်ရှိချန်ပီယံဖြစ်ပြီး ၂၀၁၈ ခုနှစ်က ကျင်းပသည့်ပြိုင်ပွဲတွင် ဗိုလ်စွဲထားကာ သူမ၏ ပထမဆုံး International Series ပြိုင်ပွဲတွင် ပထမဆုံး ဗိုလ်စွဲခဲ့သည့်ပြိုင်ပွဲလည်း ဖြစ်သည်။

သက်ထားသူဇာသည် လက်ရှိချန်ပီယံဖြစ်သောကြောင့် ဆီဒင်- သတ်မှတ်ခံထားရပြီး ပထမအဆင့်မှ စတင်ကစားရမည်ဖြစ်ကာ လက်ရည်စစ်ပွဲအောင်မြင်သည့် ကစားသမားနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

လက်ရည်စစ်ပွဲများကို အောက်တိုဘာ ၁၇ ရက်တွင် စတင်ကျင်းပခဲ့ပြီး သက်ထားသူဇာပါဝင်မည့် ပထမအဆင့် ပွဲစဉ်များကို အောက်တိုဘာ ၁၈ ရက်တွင် ပြုလုပ်မည်ဖြစ်သည်။ သက်ထားသူဇာသည် စက်တင်ဘာက ကျင်းပသည့်ပြိုင်ပွဲများတွင် ချန်ပီယံဆုနှင့် လွဲချော်ခဲ့ပြီး ဒုတိယ၊ တတိယတို့နှင့် ကျေနပ်ခဲ့ရသောကြောင့် ယခုကျင်းပမည့်ပြိုင်ပွဲတွင် ချန်ပီယံဆုရယူနိုင်ရန် ကြိုးပမ်းရမည်ဖြစ်သည်။

သတင်း- ညီမြတ်သော်တာ၊ ဓာတ်ပုံ- ဖိုးသော်ဇင်