တောင်ကြီး ၁၇ အောက်တိုဘာ

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယနေ့မွန်းလွဲ နာရီခွဲက အိုးရှင်းစင်တာရှေ့နှင့် မြို့မဈေးရှေ့တို့တွင် ရေကြီးရေလျှံမှု ဖြစ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကြီးမြို့တွင် နှစ်စဉ်နှစ်တိုင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိပြီး ရေမြောင်းများ ကျဉ်းခြင်း၊ အမှိုက်များပိတ်ဆို့၍ ရေထွက်ပေါက် မရှိတော့ခြင်းကြောင့် လမ်းမပေါ်နှင့် အဆောက်အဦကြားများသို့ ရေဝင်ရောက်ကာ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ပြီး မိုးရွာပြီးပါက ရေများပြန်လည်ကျဆင်းသွားကြောင်း သိရသည်။

သို့သော် အနိမ့်ပိုင်းဖြစ်သည့် မြင်းရုပ်နှင့် ညောင်ပင်သာရပ်ကွက်တို့တွင် ရေကြီးရေလျှံမှုများ ဖြစ်တတ်ကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)