လေရှီး  ၁၇ အောက်တိုဘာ              

စစ်ကိုင်းတိုင်းဒေသကြီး နာဂဒေသ လေရှီးမြို့နယ်အတွင်း ကျေးရွာအုပ်စု အုပ်စုတွင် တောင်ယာမိုးစပါးဖျက် ကြွက်အန္တရာယ် ကျရောက်မှုဖြစ်ပေါ်နေကြောင်း သိရသည်။

အဆိုပါ ကြွက်အန္တရာယ်မှာ ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ ယနေ့အထိ ဆက်လက်ကျရောက်နေဆဲ ဖြစ်သည်။ ကြွက်အန္တရာယ်နှိမ်နင်းရေးအတွက် လေရှီးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ပထမအကြိမ် မန္တလာ- ကြွက်သတ်ဆေး (၃၅၀)ထုပ်ကို ကြွက်အန္တရာယ်ကျရောက်နေသော ကျေးရွာများအား နည်းပေးဖြန့်ဝေခဲ့သော်လည်း ယင်းကြွက်အန္တရာယ်သည် ယနေ့ချိန်ထိ ကျရောက်နေသဖြင့် ဗီတာကြွက်သတ်ဆေးကို ထပ်မံဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။

ထိုကဲ့သို့ ကြွက်အန္တရာယ်နှိမ်နင်းရေးဆေးဝါးများ အသုံးပြုရာတွင် အန္တရာယ်ကင်းရှင်းပြီး အကျိုးရှိရှိ အသုံးပြုနိုင်စေရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းဆင်းလမ်းညွှန် ဆောင်ရွက်ပေးလျက်ရှိသည်။

ခဘိုး(ပြန်/ဆက်)