စစ်ကိုင်း ၁၇ အောက်တိုဘာ
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် ဇနီးဒေါ်တင့်တင့် (ခ) ဒေါ်ချူးချူးသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် စစ်ကိုင်းခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းလှိုင်တို့နှင့်အတူ ယနေ့ မွန်းလွဲ ၂ နာရီခွဲက သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် စစ်ကိုင်းတောင်ရိုး ဝိပဿနာ ကမဌာန်းကျောင်း၌ သီတဂူဆရာတော် အရှင်ဉာဏိဿရအမှူးပြုသော သံဃာတော် အရှင်သူမြတ်များအား သွားရောက်ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ရှေးဦးစွာ အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့က သီတဂူဆရာတော် အရှင်ဉာဏိဿရထံသို့ သံဃာတော်အပါး ၁၂၀ အတွက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ရေအလှူတော်ငွေကျပ် သိန်း ၁၂၀ ကို ပေးအပ်လှူဒါန်းခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများကို လက်ခံရယူခဲ့ကြောင်း သိရသည်။
ထွန်းကိုကို(ယင်းမာပင်)


