ပုသိမ် ၁၈ အောက်တိုဘာ

 

၂၀၁၉ ခုနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား၊ ၆ ခရိုင်နှင့် တက္ကသိုလ်ပေါင်းစုံ ကိုယ်ကာယ ကြံ့ခိုင်မှုလေ့ကျင့်ခန်း (Aerobic) နှင့် Myanmar Fitness Dance ပြိုင်ပွဲ​ နောက်ဆုံး အဆင်ပြိုင်ပွဲနှင်ဆုပေးပွဲကို ယနေ့ နံနက်ပိုင်းက ကိုးသိန်းအားကစားခန်းမ၌ ကျင်းပခဲ့ရာ ဝန်ကြီးချုပ်နှင့် တာဝန်ရှိများကနောက်ဆုံးအဆင့်ပြိုင်ပွဲယှဉ်ပြိုင်နေမှုများကိုကြည့်ရှုအားပေးကြသည်။

 

ဆုပေးပွဲကိုဆက်လက်ကျင်းပရာ ဝန်ကြီးချုပ်က ပထမ တံခွန်စိုက်ဆုရ ပုသိမ်ခရိုင်အသင်းကို ဆုချီးမြှင့်သည်။ ထို့နောက် တာဝန်ရှိသူများကတစ်ဦးချင်း၊သုံးယောက်တွဲပြိုင်ပွဲ၊ ၉ ယောက်တွဲ ပြိုင်ပွဲ၊ ၉ ယောက်တွဲအကြီးတန်းပြိုင်ပွဲများ၊Myanmar Fitness Dance ပြိုင်ပွဲများတွင် ပထမ၊ဒုတိယ၊တတိယ ဆုရရှိသူများ၊အတိုးတက်ဆုံးအားကစားသမာဆုရရှိသူများကိုဆုများချီးမြှင့်ခဲ့ကြောင်းသိရသည်။

 

ဆုပေးပွဲသို့ ဝန်ကြီးချုပ် ဦးလှမိုးအောင်၊အစိုးရအဖွဲ့ ဝင်ဝန်ကြီးများ၊ဌာနဆိုင်ရာများ၊ အားကစား ပရိသတ်များ ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။

 

Aerobic နှင့်Myanmar Fitness Dance ပြိုင်ပွဲကိုကျင်းပရခြင်းရည်ရွယ်ချက်မှာ ၎င်းအားကစားနည်းကိုလူထုကြား၌စိမ့်ဝင်ပြန့်ပွားလာစေရန်၊အမျိုးသား/အမျိုးသမီးလူထုတစ်ရပ်လုံးအတွက် နေရာကျဉ်းကျဉ်းနှင်အချိန်တိုအတွင်း လှုပ်ရှားကစာနိုင်ကြောင်း၊ အသိပညာပြန့်ပွားရေးကို ရည်ရွယ်ပြီး ပြိုင်ပွဲကိုကျင်းပပေးရခြင်း ဖြစ်ကြောင်း သိရသည်။

 

jhahd

 

မောင်မောင်မြင့်(ပြန်/ဆက်)