၁၉  အောက်တိုဘာ

 

​​ဇောတိကကမ်းလွန် သဘာဝဓါတ်​ငွေ့ Gas Pipe လိုင်းသည် သံဖြူဇရပ်နှင့် လမိုင်းအကြားတွင် Gas Pipe ​ပေါက်မှုအပြစ်ဖြစ်ပွားခဲ့ရာ​ ဇောတိက ကမ်းလွန် သဘာဝဓါတ်​ငွေ့ အသုံးပြု​မောင်းနှင်​နေ​သော ရန်ကုန်တိုင်း​ဒေသကြီးအတွင်းရှိ သာ​ကေတ U Energy ဓါတ်အားထုတ်စက်အား အောက်တိုဘာ ၁၈ ရက်​နေ့ ညပိုင်းအချိန်တွင် အ​ရေး​ပေါ်ရပ်တန့်ခဲ့ရကြောင်း သိရသည်။

 

ယင်းဖြစ်စဉ်ကြောင့် ရန်ကုန်တိုင်း​ဒေသကြီးအတွင်း (100)MW ​ကျော်ခန့် ဓါတ်အား ထုတ်လုပ်မှု လျော့နည်း​နေရကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက အများပြည်သူထံ မေတ္တာရပ်ခံထားသည်။

 

သို့ဖြစ်ပါ၍ ယနေ့ နံနက်ပိုင်းအချိန်မှစ၍ ရန်ကုန်တိုင်း​ဒေသကြီးအတွင်း လျှပ်စစ်ဓါတ်အားဝန်အား သုံးစွဲမှုများသည့် အချိန်များ၌ အ​ရေး​ပေါ် ဝန်အား​​​​လျော့ ထိန်းညှိခြင်းများ​ ဆောင်ရွက်​ရမည် ဖြစ်သောကြောင့် စက်မှုဇုန်၊ မြို့နယ်၊ ရပ်ကွက်​နေရာအချို့တို့တွင် ယာယီ ဓါတ်အားပြတ်​တောက်မှုများ ရှိနိုင်မည်ဖြစ်ကြောင်း ​မေတ္တာရပ်ခံ အသိ​ပေးပန်ကြားထားသည်။

 

MDN