သံတောင်  ၁၉   အောက်တိုဘာ

 

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ၊ဌာနဆိုင်ရာများ၏ ၂၀၁၉-၂ဝ၂၀ ခုနှစ်ဘဏ္ဍာရေးနှစ်အတွက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းလျာထားဆောင်ရွက်နေမှုများနှင့်စပ်လျဉ်းပြီး လွတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီခွဲ အချိန်က သံတောင်မြို့ ပသိခန်းမ၌ ကျင်းပသည်။

 

1

 

ဆွေးနွေးပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောဗစ်တာခလိုက်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်နော်ခရစ္စထွန်းတို့က အမှာစကားပြောကြားရာတွင် ဌာနဆိုင်ရာများ မိမိတို့ဌာနအလိုက် စီမံကိန်းလုပ်ငန်းများဆောင်ရွက်ရာ၌ ပွင့်လင်းမြင်သာမှုရှိစေရန် လွတ်တော်ကိုယ်စားလှယ်များနှင့် ပြည်သူများကိုချပြသင့်ကြောင်း ၊ ပြည်သူ့အသံကိုနားထောင်ပြီး ပြည်သူအတွက် အမှန်တစ်ကယ် အကျိုးရှိ/မရှိ စိစစ်ရွေးချယ်ပြီး လိုအပ်သော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကိုသာ ဦးစားပေးဆောင်ရွက်စေလိုကြောင်း၊ နိုင်ငံတော်ဘဏ္ဍာငွေများ လေလွင့်ဆုံးရှုံးမှုမရှိစေရန် လုပ်ထုံးလုပ်နည်းများနှင့်အညီ ကိုယ်စားလှယ်များနှင့် ပူးပေါင်းကာ ဆောင်ရွက်စေလိုကြောင်း ပြောကြားသွားသည်။

 

ဆက်လက်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာ အသီးသီးမှတာဝန်ရှိသူများက မိမိတို့ဌာနအလိုက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် တင်ပြတောင်ခံသော ဒေသဖွံ့ဖြိုးရေးအတွက် တည်ဆောက်ပြုပြင်ရေးလုပ်ငန်းများ ၊ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများကို အသေးစိတ်ရှင်လင်း ဆွေးနွေးတင်ပြခဲ့ကြပြီး တင်ပြဆွေးနွေးမှုများအပေါ် လိုအပ်ချက်များကို ပြည်နယ်လွတ်တော်ကိုယ်စားလှယ် ဦးစောဂျေအေဝင်းမြင့် ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တို့က ပြန်လည် သုံးသပ်ဖြည့်စွက်မှုများပြုခဲ့ကြောင်း သိရသည်။

 

Holy (ပြန်/ဆက်)