ရန်ကုန် ၁၉ အောက်တိုဘာ
၂၀၁၉ ခုနှစ်အတွက် အကြီးမားဆုံးသော The Hackathon-2019 ပြိုင်ပွဲကို အောက်တိုဘာ ၁၈ ရက် မှ ၂၀ ရက်အတွင်း Impact Hu Yangon မှ Ooredoo Myanmar နှင့် UNDP Myanmar တို့၏ ပူးပေါင်း ကူညီပံ့ပို့မှုများနှင့် နှစ်ရက်ခွဲကာ လူမှုဝန်းကျင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာလူငယ်များ၏ ဆန်းသစ်တီထွင်ဖန်တီးမှု နည်းပညာဆိုင်ရာပြိုင်ပွဲကို ရန်ကုန်မြို့နှင့် မန္တလေးမြို့ တွင်တစ်ပြိုင်ထဲကျင်းခြင်းဖြစ်ကြောင်း ယနေ့ ရန်ကုန်မြို့ ရန်ကင်းမြို့နယ်မြန်မာပလာဇာ Town Hall Area ၏၂၄ လွှာ ရှိ အူရီဒူးမြန်မာရုံးချုပ်၌ အောက်တိုဘာ ၁၈ ရက် ညနေ ၃ နာရီ ခွဲကပြုလုပ်သော မီဒီယာများနှင့်တွေ့ဆုံပွဲတွင် UNDP ၏ သတင်းပြန်ကြားရေးအဖွဲ့တာဝန်ခံ ဦးသန်းပိုင်စိုး ထံမှသိရသည်။
တာဝန်ခံဦးသန်းပိုင်စိုးက ဆက်လက်ပြောကြားရာမှာ "ကျွန်တော်တို့ ဒီပြိုင်ပွဲအတွက် ယှဉ်ပြိုင်ရမည့်ခေါင်စဉ်က ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ၊ ပညာရေးကဏ္ဍနဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာကဏ္ဍ အစရှိတဲ့ ကာကွယ်တားစီးနိုင်မယ့် ဖြေရှင်းချက်များကို ရှာဖွေယှဉ်ပြိုင်ရမှာဖြစ်တယ်၊ ခေါင်စဉ်( ၃ )ခုထဲက၊ တစ်ခုကိုရွေးချယ်ပြီး Softw are Developers တွေနဲ့ Designers များ အသင်းအလိုက် အတူတကွ Android App တစ်ခုကို ဒီဇိုင်းဆွဲ ယှဉ်ပြိုင်တည်ဆောက်ရတာဖြစ်လို့ Software ပိုင်းဆိုင်ရာပြိုင်ပွဲ တစ်ခုလည်းဖြစ်တယ်"ဟုပြောသည်။
သို့ဖြစ်၍ ကျေးလက်ဒေသများတွင် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် စိန်ခေါ်မှုများရှိနေသေးသဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖေါ်မှုသည် ယမန်နှစ် မှ စတင်ကာ ရေပန်းစားလာခဲ့ခြင်းကြောင့် ယခုနှစ်တွင် မြန်မာနိုင်ငံ အနှံ့ မြို့ပေါင်း ၁၂ မြို့မှ ပြိုင်ဝင်အယောက် ၂၀ဝ ဦးခန့်အငယ်တန်းအဆင့်နှင့် ပညာရှင်အဆင့် ပါဝင်ယှဉ်ပြိုင်ကြသည်။
ပြိုင်ပွဲဝင်အသစ်များကလည်း ပြီးခဲ့သည့်နှစ် Hackathon ရလာဒ်အပေါ်ကျော်လွန်၍ အစွမ်းပြလိုသည့် ၃၆ ရာခိုင်နှုန်းခန့်သည် အဆိုပါကဏ္ဍတွင် ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။
ယင်းပြိုင်ပွဲကို Junior Level နှင့် Advanced Level ဆို၍ အဆင့်နှစ်ဆင့်ခွဲထားပြီး အနိုင်ရရှိခဲ့လျှင် Ooredoo Myanmar နှင့် UNDP Myanmar မှ ဆုကြေးငွေများအပြင် မိမိတို့ အကြံဉာဏ်များကို ဈေးကွက်အတွင်း ဝန်ဆောင်မှုပေးနိုင်သည့် စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် ရပ်တည်နိုင်ရန် အထောက်အပံ့ပေးမည့်အပြင် Impact Hub Yangon ၏ Incubation Program ကိုလည်းဆက်လက် တက်ရောက်နိုင်ခွင့်ရရှိမှာဖြစ်ကြောင်း သိရသည်။
သတင်း-မျိုးမင်းသိန်း(မရမ်းကုန်း)
ဓါတ်ပုံ-မျိုးကြီး


