ဗိုလ်တထောင် ၁၉ အောက်တိုဘာ

 

မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် လူမှုရေးလုပ်ငန်းများ ပိုမိုတိုးတက်အောင်မြင်စွာ ဆောင်ရွက်ရန်အတွက် ဗိုလ်တထောင်မြို့နယ် အသင်းအဆင့်ဆင့်တွင် ရပ်ရွာလူထုကိုယ်စားလှယ်များ တင်မြှောက်ပွဲကိုကျင်းပရာ  အမှတ်(၆)အခြေခံပညာ အထက်တန်းကျောင်း(ဗိုလ်တထောင်)တွင် ယနေ့ နံနက် ၉ နာရီမှ ညနေ ၄ နာရီ အထိ ကျင်းပခဲ့သည်။

 

1

 

အဆိုပါ ရပ်ရွာလူထုကိုယ်စားလှယ်များ တင်မြောက်ပွဲတွင် ဗိုလ်တထောင်မြို့နယ် ကြက်ခြေနီအသင်းမှ အသင်းသားအသင်းသူ မဲဆန္ဒရှင်(၁၀၉)ဦးမှ  တိုင်းဒေကြီးရပ်ရွာ လူထုကိုယ်စားလှယ်၊ အရှေ့ပိုင်းခရိုင် ရပ်ရွာလူထု ကိုယ်စားလှယ်၊  မြို့နယ်ရပ်ရွာလူထုကိုယ်စားလှယ်တို့ကို မဲပေးခဲ့ကြောင်း သိရသည်။

 

သိန်းသိန်း(ဗိုလ်တထောင်)