ရန်ကုန်   ၁၉  အောက်တိုဘာ  
    
မြန်မာနိုင်ငံကြက်ခြေနီအသင်း လက်အောက်ရှိ တာမွေမြို့နယ် ကြက်ခြေနီအသင်းခွဲ တိုင်း/ခရိုင်/မြို့နယ် ရပ်ရွာ လူထုကိုယ်စားလှယ် ရွေးချယ်တင်မြှောက်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ရန်ကုန်တိုင်း ဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက် အဝေရာလမ်းရှိ အမှတ်(၂၆) အခြေခံပညာ မူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

 

a

 

အဆိုပါ တိုင်း/ခရိုင်/မြို့နယ် ရပ်ရွာ လူထုကိုယ်စားလှယ် ရွေးချယ်တင်မြှောက်ပွဲတွင် တာမွေမြို့နယ် ရပ်ရွာ လူထုကိုယ်စားလှယ်အတွက်(၁)နေရာ၊ အရှေ့ပိုင်းခရိုင် ရပ်ရွာလူထု ကိုယ်စားလှယ်အတွက် (၁)နေရာနှင့် တိုင်းဒေသကြီး ရပ်ရွာလူထုကိုယ်စားလှယ်အတွက် (၁)နေရာ စုစုပေါင်း (၃)နေရာအတွက် တာမွေမြို့နယ် ကြက်ခြေနီအသင်းခွဲမှ အသင်းဝင်များနှင့် တပ်ဖွဲ့ဝင်များ စုစုပေါင်း အင်အား(၂၀ဝ)ဦးခန့် လာရောက်၍ ဆန္ဒမဲပေးလျက်ရှိကြောင်း သတင်းရရှိသည်။

နိုင်လင်းအောင်(ပြန်/ဆက်)