တောင်ကြီး ၁၉ အောက်တိုဘာ
ရှမ်းပြည်နယ်(တောင်ပိုင်း)ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ အမှတ်(၁၁) အခြေခံပညာ အလယ်တန်းကျောင်း၊ ရွှေပါရမီစာကြည့်တိုက်ဖွင့်ပွဲကို အောက်တိုဘာလ ၁၉ ရက်နေ့ နံနက် ၁၀ နာရီတွင် ကန်ရှေ့ရပ်ကွက်၊ ပတ္တမြားဆောင် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရွှေပါရမီစာကြည့်တိုက်ဖွင့်ပွဲ အခမ်းအနားတွင် အောင်မြေဘုံစံကျောင်းတိုက်ပဓါန နာယကဆရာတော် ဥူးခေမနန္ဒာက သြဝါဒစကားမြွက်ကြားပေးခဲ့သည်။ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က နှုတ်ဆက်ခွန်းစကားပြောကြားသည်။ အမှတ်(၁၁) အခြေခံပညာအလယ်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြည်ကြည်မြင့်၊ ကျောင်းသားဟောင်း ဒေါ်လီချင်း၊ ကျောင်းသားဟောင်း ဦးသန်းထိုက်အောင်တို့က နှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။ ဆရာတော်အရှင်ဆန္ဒာဓိက က သြဝါဒစကားပြောကြားပေးခဲ့သည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ စာကြည့်တိုက်အတွက် အလှူတော်ငွေများအား ကျောင်းသားဟောင်းများကိုယ်စား ဦးညီညီထူးက လက်ခံယူပေးခဲ့သည်။ အခမ်းအနားကို ဗုဒ္ဓသာသနံ စီရံ တိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အောင်မြင်စွာ ရုပ်သိမ်းပြီး ပင့်သံဃတော်များကို နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ရွှေပါရမီစာကြည့်တိုက်ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ အောင်မြေဘုံစံကျောင်းတိုက်ပဓါန နာယကဆရာတော် ဥူးခေမနန္ဒာ၊ ဆရာတော်အရှင်ဆန္ဒာဓိက၊ ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းတို့က နဝရတ်ဆောင်ရှေ့တွင် ရွှေပါရမီစာကြည့်တိုက်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြကြောင်း သိရသည်။
စိုင်းသန်းကျော်(တောင်ကြီး)


