ဆင်ပေါင်ဝဲ ၁၉ အောက်တိုဘာ

 

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့တွင် မြန်မာ့စီးပွားရေးဘဏ်ခွဲ အဆောက်အအုံသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီက ကျင်းပရာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနေထက်ဝင်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဦး ၊ မြန်မာ့စီးပွားရေးဘဏ်တိုင်းဒေသကြီး မန်နေဂျာဒေါ်ဥမ္မာသန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

 

4

 

ထို့နောက် မြန်မာ့စီးပွားရေးဘဏ်ခွဲအား တာဝန်ယူ ဆောက်လုပ်ခဲ့သည့် ဟိန်းလျှံစိုးကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးဇော်ဝင်းမင်းက မြန်မာ့စီးပွားရေးဘဏ် တိုင်းဒေသကြီးမန်နေဂျာ ဒေါ်ဥမ္မာသန်းထံသို့ အဆောက်အအုံသစ်ဖွင့်ပွဲ အထိမ်းအမှတ်အလံအား ပေးအပ်ခဲ့သည်။

 

အဆိုပါအဆောက်အအုံ၏ အကျယ်အဝန်းမှာ အလျား(၅၀)ပေ၊ အနံ(၃၀)ပေ ၊သံကူကွန်ကရစ်အမျိုးအစားဖြစ်ပြီး တန်ဖိုးငွေကျပ် (၅၈.၂၆၃)သန်းအကုန်အကျခံကာ ဆောက်လုပ်ခဲ့ပြီး ယင်းအဆောက်အအုံကို (၂၄-၁-၂၀၁၉)ရက်နေ့မှ စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်မြန်မာ့စီးပွားရေးဘဏ်ခွဲ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

 

အိဖြူဖြူ(ဆင်ပေါင်ဝဲ)