mdn

မန္တလေး ၁၉ အောက်တိုဘာ

 

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်တရားရုံး အဆောက်အအုံသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်  ၇ နာရီတွင် ကျင်းပရာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး တက်ရောက်ဖွင့်လှစ်ပေးသည်။

 

ဖွင့်ပွဲအခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဦးစိုးသိန်း၊ မြို့တော်ဝန် ဒေါက်တာရဲလွင်တို့က ခရိုင်တရားရုံးအဆောက်အအုံသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

 

ထို့နောက် ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးက ခရိုင်တရားရုံးအဆောက်အအုံသစ် ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။

 

ယင်းနောက် ပြည်ထောင်စုတရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရုံးသစ်အတွင်း လှည့်လည်ကြည့်ရှုကြသည်။

 

ဆက်လက်၍ မန္တလေးခရိုင်တရားသူကြီး ဦးကျော်ကျော်ဦးနှင့် Diamond City ကုမ္ပဏီလိမိတက်မှ အင်ဂျင်နီယာချုပ် ဦးတင်မောင်တို့က အဆောက်အအုံသစ်နှင့်စပ်လျဉ်းသည့် အချက်အလက်များကို ရှင်းလင်းတင်ပြပြီး အဆောက်အအုံသစ်နှင့် သက်ဆိုင်သည့် စာရွက်စာတမ်းများကို ခရိုင်တရားသူကြီးထံ လွှဲပြောင်းပေးအပ်သည်။

 

အဆိုပါ ခရိုင်တရားရုံးအဆောက်အအုံသစ်ကို တရားရုံးများ၏ ဂုဏ်သိက္ခာမြှင့်တင်ရေး၊ တရားရုံးအင်္ဂါရပ်နှင့်ညီညွတ်သည့် တရားရုံး အဆောက်အအုံများ တည်ဆောက်ရေးဟူသည့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်များနှင့်အညီ ဆောက်လုပ်ရေး ဝန်ကြီးဌာနက အဆောက်အအုံ ဒီဇိုင်းရေးဆွဲပေးသည့် အလျား ၂၀၀ ပေ x အနံ ၁၄၀ ပေရှိ ခေတ်မီ (၅)ထပ် အာရ်စီအဆောက်အအုံပုံစံအတိုင်း တရားခွင်(၂၁)ခွင်၊ တရားသူကြီး နားနေခန်းများ၊ ဥပဒေအရာရှိ နားနေခန်းများ၊ ရှေ့နေနားနေခန်းများ၊ သက်သေနားနေခန်းများ၊ အမှုတွဲထိန်းသိမ်းခန်း၊ သက်သေခံပစ္စည်း များထိန်းသိမ်းခန်း၊ ဧည့်ခန်း၊ စာကြည့်တိုက်ခန်း၊ အစည်းအဝေးခန်း၊ မီဒီယာတွေ့ဆုံမေးမြန်းခန်း၊ သတင်းအချက်အလက်ကောင်တာ၊ အမှုတွဲလက်ခံကောင်တာ၊ စုံစမ်းမေးမြန်းရန်ကောင်တာ၊ ယာယီအချုပ်ခန်း စသည်ဖြင့် စံချိန်စံညွှန်းမီစွာ တည်ဆောက် ထားကြောင်း သိရသည်။

 

ဖွင့်ပွဲအခမ်းအနားအပြီးတွင် ပြည်ထောင်စုတရားသူကြီးချုပ်သည် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဉီ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်အတူ  မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော် အဆောက်အအုံ တည်ဆောက်နေမှုကို စစ်ဆေးကြည့်ရှု့ခဲ့ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်

 

mdn

 

mdn

 

mdn

mdn

mdn

 

mdn