mdn

စစ်ကိုင်း ၁၉ အောက်တိုဘာ

 

စစ်ကိုင်းမြို့ မြစ်မင်းဧရာဇေယျာမြေစာဖတ်ဝိုင်း၏ (၄၅)ကြိမ်မြောက် ရသကဗျာများဖတ်ပွဲကို အောက်တိုဘာ ၁၉ ရက် မွန်းလွဲ ၂ နာရီက ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပခဲ့သည်။     

 

အဆိုပါ စာဖတ်ဝိုင်းတွင် ဆရာစိုးဝေလွင်အညာမြေက အစီအစဉ်တင်ဆက်သူအဖြစ် ဆောင်ရွက်ပြီး စာရေးဆရာများနှင့် စာပေချစ်မြတ်နိုးသူများအား မိတ်ဆက်ပေးခဲ့သည်။ ထို့နောက် စာရေးဆရာများဖြစ်သည့် ဦးထွန်းလွင်(သမန်းကန်)က "ဇေယျာမြို့တော်လာပါနော်"၊ နိုင်နိုင်(အင်းဝ)က "သူရဲကောင်းမိခင်"၊ ဝေအောင်(အင်းဝ)က "ဆရာ" ကဗျာနှင့် "နင်လားဟဲ့လောကဓံ"၊ မိုးထက်ကို (အမရပူရ)က "တစ်ယောက်ထဲ"၊ အိမ့်(စစ်ကိုင်း)က "မီးပုံးပျံလွှတ်ရအောင်"၊ မိုးကျော်(စစ်ကိုင်း)က "ဘဝလမ်း" ကဗျာနှင့် "နှစ်လွန်အလွမ်း"၊ မင်းမြတ်မိုး(မန်းမြေ)က "ဒို့နိုင်ငံနဲ့ ဒို့မြန်မာ"၊ နေလင်းထွန်း(ဒီနေ့)က "ပြန်လာခဲ့ပါအမေ"၊ သွေးသစ်(မန်းမြေ)က "လူ"၊ မင်းဇော်(စစ်ကိုင်း)က "လာစေချင်ပါသည်"၊ စိန်မောင်ဌေး (အမရပူရ)က "ပိန်းကောလှေငယ်ရှင်"၊ သွန်းဆက်လင်းလက်က "ဗီးနပ်စ်ရဲ့ဥယျာဉ်တော်"၊ ရသကဗျာများကို ဖတ်ပြခဲ့ကြပြီး ဟာမိုနီက "စာပေနဲ့ဘဝဖြတ်သန်းမှု အတွေ့အကြုံများ" ကို ရှင်းလင်းပြောပြခဲ့ကြောင်းကို သိရသည်။

                                                    

မျိုးဝင်း (ပြန်/ဆက်)