ဆင်ပေါင်ဝဲ ၁၉ အောက်တိုဘာ
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ယနေ့နံနက် ၇ နာရီခွဲက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဂွေးချိုကျေးရွာအနီး ရထားလမ်းမိုင်တိုင်အမှတ် (၂၁၇/၁၈-၂၀)တွင် အလျား(၁၅၀)ပေ၊ အနံ(၆၀)ပေ၊ အမြင့်(၈)ပေခန့် မြေပြိုမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါမြေပြိုမှုကြောင့် ရထားလမ်းအား ခေတ္တယာယီပိတ်ထားခဲ့ရပြီး ယင်းမြေပြိုမှုအား ရထားလမ်း ဗိုလ်ကြီးဦးတင်ဆွေဦး ဦးဆောင်သောအဖွဲ့မှ ပြုပြင်ဆောင်ရွက်ခဲ့ရာ ယနေ့မွန်းလွဲ ၃ နာရီတွင် ရထားလမ်းများ ပြုပြင်ပြီးဖြစ်၍ ရထားများ ပုံမှန်ပြေးဆွဲလျက်ရှိကြောင်း သိရသည်။
အိဖြူဖြူ(ဆင်ပေါင်ဝဲ)



