ရန်ကုန် ၁၉ အောက်တိုဘာ
မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ခရိုင်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီများနှင့် မြို့နယ်အသင်းခွဲများ၏ ရပ်ရွာလူထုကိုယ်စားလှယ်များ ရွေးချယ်တင်မြှောက်ပွဲများကို ယနေ့တွင် မြို့နယ်အသင်းခွဲ (၁၉၂)ခုတွင် ကျင်းပဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ သက်ဆိုင်ရာမြို့နယ်အသီးသီးတွင် စုစုပေါင်းအသင်းသား နှစ်သောင်း ငါးထောင်ကျော်က ရပ်ရွာလူထုကိုယ်စားလှယ် (၅)ဦးစီကို မဲပေးရွေးချယ်ပြီး ရွေးချယ်ခံရသော ရပ်ရွာလူထုကိုယ် စားလှယ်များနှင့်အတူ ဌာဆိုင်ရာကိုယ်စားလှယ်များ၊ လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်များ၊ ကြက်ခြေနီတပ်ဖွဲ့ ကိုယ်စားလှယ်များနှင့် လူငယ်ကြက်ခြေနီကိုယ်စားလှယ်များ ပါဝင်သည့် ကြက်ခြေနီကြီးကြပ်မှု ကော်မတီနှင့် အသင်းခွဲအမှုဆောင်အဖွဲ့တို့ကို အသင်း၏ (၂၀၂၀-၂၀၂၂) ကာလအတွက် နိုဝင်ဘာ (၁၄)ရက်နှင့် (၁၅)ရက်တို့တွင် ကျင်းပမည့် (၁၃)ကြိမ်မြောက် ကြက်ခြေနီညီလာခံက ဖွဲ့စည်းတာဝန်ပေးအပ်သွားမည်ဖြစ်သည်။
ယင်းရွေးချယ်တင်မြှောက်ပွဲများသို့ အသင်းဌာနချုပ်မှ အလုပ်အမှုဆောင်များ ဆန္ဒမဲပေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


