တောင်ဥက္ကလာပ ၂၀ အောက်တိုဘာ
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် လွှတ်တော် ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြိုနယ်စည်ပင်သာယာရေး ကော်မတီနှင့် ပညာရေးဌာန ထက်/လယ်/မူ ကျောင်းအုပ်ကြီးများ တွေ့ဆုံပွဲအခမ်းအနားကို တောင်ဥက္ကလာပ မြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ အောက်တိုဘာ ၁၉ ရက် မွန်းလွဲ ၁ နာရီတွင် ပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစောနိုင်၊ တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဒေါ်သစ်သစ်မြင့်၊ တိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးမိုးမြင့်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းချမ်းအောင်၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်ဇေယျာဝင်း၊ အဖွဲ့ဝင်(၁) ဦးလင်းထက်နှင့် တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
(ပြန်/ဆက်)


