မယ်စဲ့  ၂၀ အောက်တိုဘာ  

 

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် မိုးရေတိုက်စားမှုကြောင့် ဟိုစဲ့ကျေးရွာ BP-14 တွင် လျှပ်စစ်ဓာတ်တိုင်နှစ်တိုင် ပြိုလဲသဖြင့် ပြင်ဆင်ခြင်းလုပ်ငန်းများကို အောက်တိုဘာ ၁၉ ရက်က ဆောင်ရွက်ခဲ့ကြောင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူရေးလုပ်ငန်း မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးအောင်ကျော်စန်းထံမှ သိရသည်။

 

၁

 

ဖြစ်စဉ်မှာ ဟိုစဲ့ကျေးရွာ BP-14 ဘက်အခြမ်းရှိ ကုန်သွယ်ရေးဂိုဒေါင်အနီးရှိ ထရန်စဖော်မာသို့ သွယ်တန်းထားသော 11KV ဓာတ်အားလိုင်းတွင် ချောင်းနံဘေးရှိ ဓာတ်တိုင်နှစ်တိုင်မှာ မိုးရေတိုက်စားမှုကြောင့် ပြိုလဲသွားသဖြင့် ဟိုစဲ့ကျေးရွာနှင့် လမ်းဆုံကျေးရွာတို့ လျှပ်စစ်ဓာတ်အား ယာယီပြတ်တောက်ခဲ့သည်။ ဟိုစဲ့ကျေးရွာ ဓာတ်အားရရှိရေးအတွက် အ.ထ.က(ဟိုစဲ့) ကျောင်းဝန်းအတွင်းရှိ 11/0.4KV 200KVA ထရန်စဖော်မာမှ ဓာတ်အားပြန်လည်ပို့လွှတ်ခဲ့ပြီး 11KV ဓာတ်အားလိုင်းပေါ်ရှိ ဓာတ်တိုင်နှစ်တိုင်အား မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးအောင်ကျော်စန်းနှင့် လိုင်းဝန်ထမ်းများက အချိန်နှင့်တစ်ပြေးညီ ရွှေ့ပြောင်းစိုက်ထူခဲ့ရာ အောက်တိုဘာ ၁၉ ရက် ညနေတွင် မူလဓာတ်အားလိုင်း ထရန်စဖော်များမှ ဓာတ်အားပြန်လည် ပို့လွှတ်နိုင်ခဲ့သဖြင့် လမ်းဆုံကျေးရွာမှ ဓာတ်အားပြန်လည်ရရှိခဲ့ကြောင်း သိရသည်။

 

ဝတ်ရည်(ပြန်/ဆက်)