ပွင့်ဖြူ   ၂၀  အောက်တိုဘာ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ မဲဇလီရေလွှဲဆည် ရေသောက်ဧရိယာအတွင်း မိုးစပါးစိုက်ပျိုးတောင်သူများ သီးနှံအောင်ရေ အပြည့်အဝ ရရှိရေးအတွက် ရည်ရွယ်ကာ ယနေ့ နံနက် နာရီမှ စတင်ကာ မိုးစပါးသီးနှံ အောင်ရေအလှည့်ကျစနစ်ဖြင့် ဖြန့်ဝေဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနရုံးမှ သိရသည်။

ယခုအချိန်တွင် ရာသီဉတု ပိုပြီးပူပြင်းလာခြင်း၊ တောင်သူအချို့မှ မိုးစပါးသီးနှံအောင်ရေအား ပိုမိုရယူသုံးစွဲနေခြင်း၊ လယ်စိုက်ဧက တိုးပွားလာခြင်း၊ ယခုနှစ်တွင် မြို့နယ်အတွင်း လျှပ်စစ်ရေတင်စနစ်ဖြင့် ရေဖြန့်ဝေရခြင်းများ တိုးပွားလာခြင်းနှင့် တောင်သူများမှ စပါးစိုက်လယ်မြေများအား ပြုပြင်မှုအားနည်းလာသည့်အတွက် လယ်မြေနှင့် ရေပေးမြောင်း အနိမ့်အမြင့် ပိုမိုကွာဟလာခြင်းတို့ကြောင့် မိုးစပါးသီးနှံ အောင်ရေဖြန့်ဝေပေးရာတွင် အခက်အခဲများ ကြုံနေသဖြင့် အလှည့်ကျစနစ်ဖြင့် ပြောင်းလဲဖြန့်ဝေပေးရခြင်း ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်သူလင်းက ပြောသည်။

ထိုသို့  အလှည့်ကျစနစ်ဖြင့် ရေဖြန့်ဝေပေးရာတွင် တောင်မုန်းမြောင်းမကြီး လက်တံ (၂၊ - က  ၁၁ ၁၃)တို့ကို အပတ်စဉ်(တနင်္ဂနွေနေ့)  နံနက် နာရီမှ (ဗုဒ္ဓဟူးနေ့) နံနက် နာရီအထိ ()ရက် ဖြန့်ဝေပေးပြီး ဗုဒ္ဓဟူးနေ့ နံနက် နာရီမှ (တနင်္ဂနွေနေ့) နံနက် နာရီအထိ ()ရက် ရပ်နားမှာဖြစ်ကြောင်း၊ အလားတူ တောင်မုန်းမြောင်းမကြီး လက်တံ (၄၊ ၁၄ ၁၅) တို့အား အပတ်စဉ် ဗုဒ္ဓဟူးနေ့ နံနက် နာရီမှ တနင်္ဂနွေနေ့ နံနက် နာရီအထိ () ရက် ရေဖြန့်ဝေပေးပြီး တနင်္ဂနွေနေ့ နံနက် နာရီမှ ဗုဒ္ဓဟူးနေ့ နံနက် နာရီအထိ ()ရက် ရေပေးဝေမှု ရပ်နားထားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ယခုကဲ့သို့ သီးနှံအောင်ရေ အလှည့်ကျစနစ်ဖြင့် ဖြန့်ဝေပေးမည့် အစီအစဉ်အား မြို့နယ်အတွင်းရှိ တောင်သူများထံ ကြိုတင်အသိပေး အကြောင်းကြားပြီး ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ဦးစီးအရာရှိ ဦးအောင်သူလင်းထံမှ သိရသည်။

ရဲဝင်းနိုင် (ညောင်ဦး)