မိုင်းယောင်း ၂၀ အောက်တိုဘာ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ရှမ်းတိုင်းရင်းသားတို့၏ အထွတ်အမြတ်ထား ကျင်းပလေ့ရှိသော ဆင်ရုပ်၊ မြင်းရုပ်များ ပုံဖော်လှူဒါန်းသည့် ရိုးရာအလှူပွဲကို အောက်တိုဘာ ၂၀ ရက်က ဝမ်ဘိုးကျေးရွာအုပ်စုရှိ ယမ်းမကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ပျော်ပွဲ၊ ရွှင်ပွဲများနှင့်အတူ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
ရှမ်းတိုင်းရင်းသား ဗုဒ္ဓသာသာဝင်များသည် ရိုးရာဓလေ့ထုံးတမ်း အယူဝါဒများအရ ဘဝသံသရာအတွက် ကောင်းမှုကုသိုလ်အဖြစ် ရည်စူး၍ ဆင်ရုပ်၊ မြင်းရုပ်နှင့် အခြားအရုပ်များကို ပုံဖော်ဖန်တီးပြီး ယင်းအရုပ်များအပေါ်တွင် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆင်ယင်လှူဒါန်းခြင်း၊ ရွှေအိုး ငွေအိုးများ လှူဒါန်းခြင်းတို့အပြင် အခြားလှူဖွယ်ပစ္စည်းများဖြင့် စုပေါင်းလှူဒါန်းသည့် ဓလေ့အစဉ်အလာကို မိုင်းယောင်းဒေသခံ တိုင်းရင်းသားများက ရှမ်းရိုးရာဓလေ့အတိုင်း ဂုဏ်ယူမြတ်နိုး တန်ဖိုးထား၍ သီတင်းကျွတ်လအတွင်း နှစ်စဉ်ကျင်းပလေ့ရှိကြောင်း သိရသည်။
အားချာ(ပြန်/ဆက်)


