ဗန်းမော် ၂၀ အောက်တိုဘာ   

ဗန်းမော်မြို့တွင် ကလေးများ ကျန်းမာပျော်ရွှင်စေရန်နှင့် ဘက်စုံဖွံ့ဖြိုးလာစေရန်ရည်ရွယ်၍  “OK” ကုန်မာဆိုင်လုပ်ငန်းရှင် ဦးသန်းဌေးအောင်က လှူဒါန်းခဲ့သော ကလေးကစားကွင်းဖွင့်ပွဲကို ယနေ့နံနက် နာရီတွင် မေတ္တာမွန်ဉယျာဉ်အတွင်းရှိ ကလေးကစားကွင်း၌ ကျင်းပပြုလုပ်ရာ ကချင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်၊ ဒုဥက္ကဋ္ဌ ဦးဒိန်ခန်ဖုန် () ဦးခန်လင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်ကြသော ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်မြင့် () ဦးဒိတ်နှင့် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးဇော်ဝင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်သင်း၊ ဒုခရိုင်အုပ်ချုပ်ရေးမှူး ဦလင်းသန့်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

အခမ်းအနားတွင် ကချင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်က အမှာစကားပြောကြားသည်။ ဆက်လက်၍ ကလေးကစားကွင်းအလှူရှင် “OK” ကုန်မာဆိုင် ဦးသန်ဌေးအောင်က ကလေးကစားကွင်းအား မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဆွေထံသို့ လွှဲပြောင်းပေးအပ်ရာ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဆွေက ကျေးဇူးတင်စကား ပြောကြားသည်။

ထို့နောက် ဗန်းမော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းက အလှူရှင်အား  ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပြီး အဆိုပါကလေးကစားကွင်းအတွင်း ကလေးများ ပျေိာ်ရွှင်စွာ ကစားနေကြသည်ကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။

ကလေးကစားကွင်း အဆောက်အဦတန်ဖိုးသည် ငွေကျပ်သိန်း ၄၀၀၊ ကလေးကစားစရာ ပစ္စည်းတန်ဖိုးသည် ကျပ်သိန်း ၃၀၀ ခန့် ကုန်ကျပြီး နောက်ထပ်လိုအပ်သည့် ပစ္စည်းများကို ဆက်လက် လှူဒါန်းပေးသွားမည် ဖြစ်ကြောင်း အလှူရှင်က ပြောသည်။

မျိုးလှိုင်(ပြန်/ဆက်)